လေးစားရတဲ့ ဒေါ်ဇင်မာအောင်🙇🙇🙇ကမ္ဘာ့အဆင့် နော်သိ့ဖို့🌿🍀🌸👇🌸🍀🌿

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကမ္ဘာထိပ်သီးခေါင်းဆောင်တွေနဲ့အတူ မြူးနစ်လုံခြုံရေးညီလာခံမှာ တက်ရောက်စကားပြောမယ်ဖေဖော်ဝါရီလ ၁၇ ရက်မြူးနစ်လုံခြုံရေးညီလာခံ ဆိုတာ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်ကြတဲ့ ၁၉၆၃ ခုနှစ်ကစတင်ခဲ့တဲ့အပြည်ပြည်ဆိုင်ရာ လုံခြုံရေး ညီလာခံဖြစ်ပါတယ်။ယခု ၂၀၂၄ ခုနှစ် ၁၆ ရက် ကနေ ၁၈ ရက်နေ့အထိ ဂျာမဏီနိုင်ငံ၊ မြူးနစ်မြို့မှာကျင်းပနေတဲ့ အဲ့ဒီ နှစ် ၆၀ ပြည့် ထိပ်သီးညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဒေါ် ဇင်မာအောင် တက်ရောက်နေပါတယ်။ဒေါ်ဇင်မာအောင်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလရီကလင်တန် အခမ်းအနားမှူးလုပ်တဲ့ စကားဝိုင်းမှာ အီရန်၊ ဘီလာရုဇ်က အမျိုးသမီးအတိုက်အခံခေါင်းဆောင်တွေနဲ့အတူ လူထုခုခံတော်လှန်မှု၏အသံ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောဆိုဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဂျာမဏီရောက် မြန်မာ့အရေးလှုပ်ရှားသူတဦးက မှတ်ချက်ပေးတာကတော့ – နွေဦးပြည်သူတွေ ရဲ့ အသံကို ကိုယ်စားပြုလို့ ပြည်သူ့အစိုးရတစ်ရပ် ရဲ့ နိင်ငံတကာ စာမျက်နှာပေါ် တိတိလင်းလင်းဝင်ရောက်လာပြီဖြစ်ပါတယ်။ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တဲ့ ရည်မှန်းချက်ပန်းတိုင်အရောက် လှမ်းနိုင်ကြဖို့ ပြည်တွင်းပြည်ပ တာဝန်သိသူ တာဝန်ရှိတယ်လို့ ခံယူထားကြသူများရဲ့ လုပ်နိုင်စွမ်းသမျှ ကြိုးစားဆောင်ရွက်နေကြတဲ့ အားထုတ်မှုရဲ့ အသီးအပွင့်တွေပဲ ဖြစ်ပါတယ်လို့ ပြောလိုက်ပါတယ်။ဒေါ်ဇင်မာအောင်က ၁၉ ရက်နေ့ မှာ မြူးနစ်မှာ မြန်မာကွန်မြူတီနဲ့တွေ့ပါမယ်။ ပြီးရင် ဖရန်ဖွတ် ကို ခရီးဆက်ပါမယ်။ ၂၀ ရက်နေ့မှာ ဖရန့်ဖွတ် ဂေါသဲဆေးတက္ကသိလ် မှာ စကားဝိုင်းတခု တက်ရောက်မယ်။ ပြီးရင် မြန်မာကွန်မြူနတီနဲ့ တွေ့ပါမယ်။ ပြီးမှ ပြင်သစ်ကို ခရီးစဉ်ဆက်မယ်လ်ု့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *