လာဘ်ကောင်းစေဖို့အတွက် ပိုက်ဆံအိတ်ကိုနည်းလမ်းမှန်ကန်စွာအသုံးပြုနည်း

လာဘ်ကောင်းစေဖို့အတွက် ပိုက်ဆံအိတ်ကိုနည်းလမ်းမှန်ကန်စွာအသုံးပြုနည်း

သင့်ရဲ့ငွေကြေးကံကောင်းမကောင်းဟာ သင့်ပိုက်ဆံအိတ်ကိုဘယ်လိုအသုံးပြုလဲဆိုတဲ့အပေါ်မှာ မူတည်နေတယ်ဆိုရင် ယုံနိုင်မလား။

တချို့ကိစ္စတွေက ယုံဖို့ခက်ပေမယ့် တကယ်တမ်းမှာ အကျိူးသက်ရောက်မှုရှိနေတတ်တာကိုတော့ ငြင်းလို့မရပါဘူး။

ဒီတော့ ငွေကြေးကံကောင်းဖို့ သင့်ပိုက်ဆံအိတ်ကိုအသုံးပြုတဲ့အခါ မလုပ်သင့်တဲ့အချက်နဲ့လုပ်သင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဘောက်ချာအတိုအစတွေပိုက်ဆံအိတ်ထဲမထည့်ထားပါနဲ့

ဈေးဝယ်ပြီးနောက်ရလာတဲ့ဘောက်ချာတွေ၊ ဖြတ်ပိုင်းအတိုအစတွေ၊ စာရွက်ခေါက်တွေကို ပိုက်ဆံအိတ်ထဲထည့်သိမ်းထားတာမျိုးက လာဘ်တိတ်စေပါတယ်။

ဒါကြောင့် အဲ့ဒါတွေကို ပိုက်ဆံအိတ်ထဲထည့်မထားမိဖို့ သတိပြုပါ။ သေချာရှင်းလင်းပါ။

(၂) ပိုက်ဆံတွေကိုစနစ်တကျစီထည့်ပါ

ပိုက်ဆံအိတ်ထဲပိုက်ဆံတွေထည့်တဲ့အခါ လုံးထွေးပြီးထည့်ထားတာမျိုး၊ တွန့်ကြေနေတာမျိုးတွေမဖြစ်စေပါနဲ့။

ပိုက်ဆံတွေကို ပြန့်နေအောင်ထားပြီး အစဉ်တကျထည့်ပါ။

ကိုယ်သုံးတဲ့ပိုက်ဆံကိုလည်းလေးစားမှုရှိဖို့လိုပါတယ်။ ဒါမှ ကိုယ့်လက်ထဲမှာ ငွေမြဲပါလိမ့်မယ်။

(၃) ပိုက်ဆံအိတ်ကိုကြမ်းပြင်ပေါ်မှာပစ်ထားတာမျိုးမလုပ်ပါနဲ့

ပိုက်ဆံအိတ်ကိုကြမ်းပြင်ပေါ်မှာပစ်ချထားတာမျိုး၊ တွေ့တဲ့နေရာမှာတင်ထားတာမျိုးတွေမလုပ်သင့်ပါဘူး။

ပိုက်ဆံအိတ်ထားဖို့ နေရာလေးတစ်ခုသတ်သတ်မှတ်မှတ်ရှိသင့်ပြီး စနစ်တကျထားသင့်ပါတယ်။

(၄) ပိုက်ဆံအိတ်အတွက်ရွေးသင့်တဲ့အရောင်များ

ပိုက်ဆံအိတ်ရဲ့အရောင်ကလည်း လာဘ်ပွင့်ခြင်း၊ လာဘ်တိတ်ခြင်းကိုဖြစ်စေပါတယ်။

ပိုက်ဆံအိတ် အနက်ရောင်၊ အညိုရောင်နဲ့ အစိမ်းရောင်တို့က လာဘ်ပွင့်စေပြီး အပြာရောင်ကို ရှောင်သင့်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*