ကိုးရီးယားကားလိုမထင်နဲ့ ခြင်းကျားချက်ချင်းထမ်းခိုင်းမှာ

လူငယ်များကို တပ်သားသစ်များအဖြစ် ခေါ်ယူပြီးနောက် ရှေ့တန်းစစ်မြေပြင် နှင့် နိုင်ငံတစ်ဝန်း တပ်များထံသို့ ပို့ဆောင် ဖြန့်ကျက်မည့် အစီအစဉ်များ စစ်ကောင်စီက ရေးဆွဲပြီးဟုဆို■ တပ်သား စုဆောင်းရေးတပ်များနှင့် တပ်ရင်းများတွင် အဆောင်များ တိုးချဲ့နေပြီး တစ်ကြိမ်ခေါ်လျှင် လူငယ် ၅၀၀၀ ထက်ပိုမို ခေါ်ယူမည်ဖေဖော်ဝါရီ ၂၀အကြမ်းဖက်စစ်ကောင်စီက ဧပြီလကုန်တွင် စတင်ခေါ်ယူမည့် တပ်သားသားသစ်များကို ရှေ့တန်းစစ်မြေပြင်များတွင် နေရာချထားရေးနှင့် တစ်နိုင်ငံလုံးရှိ တပ်များတွင် ဖြန့်ကျက်မည့်အစီအစဉ်များကို ရေးဆွဲထားပြီးဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။အကြမ်းဖက်စစ်ကောင်စီက ဧပြီလကုန် အပတ်စဉ် ၁ မှ စတင်၍ တစ်လလျှင် စစ်သားအဖြစ် လူငယ် ၅၀၀၀ ကို ခေါ်ယူမည်ဟု ပြောဆိုထုတ်ပြန်ထားသော်လည်း လက်တွေ့ ၎င်းတို့ ရေးဆွဲထားသည့် အသေးစိတ်အစီအစဉ်များအရ ခေါ်ယူမည့် လူငယ်အရေအတွက်သည် ထိုထက် အများကြီးပို၍ များပြားနိုင်ကြောင်း၊ စစ်မှုထမ်းဥပဒေအရ ခေါ်ယူလိုက်သည့် လူငယ်များကို ရှေ့တန်း စစ်မျက်နှာပြင်များတွင် နေရာချထားရန်အတွက်လည်း ကြိုတင်ပြင်ဆင် မှုများစွာကို လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရှိရသည်။ “သိရသလောက်တော့ ခေါ်မယ့် တပ်သားသစ်တွေက ရှေ့တန်းစစ်မျက်နှာပြင်မှာလည်း တာဝန်ချမှာဖြစ်သလို နောက်တန်းအထိုင်တပ်တွေမှာလည်း တာဝန်ချမှာတွေပါတယ်။ နောက်တစ်ခါ မြို့ကြီးတွေ လုံခြုံရေးကင်းတွေ အဖြစ် တာဝန်ချထားဖို့ပါ ရှိနေတယ်။ တစ်နိုင်ငံလုံး အကုန်မျှပြီး နေရာအနှံ့ ဖြန့်ကျက်မယ့် သဘောပဲ။ ရှေ့တန်းစစ်မျက်နှာပြင်ကတော့ စစ်ကိုင်း၊ မကွေး၊ ကချင်၊ ချင်း၊ ရှမ်းမြောက်၊ ရခိုင်၊ တနင်္သာရီ၊ ပဲခူး အကုန်ပါဝင်တယ်။ ရန်ကုန်မှာလို လုံခြုံရေး ကင်းလှည့်စစ်ကြောင်းတွေမှာလည်း ထည့်သုံးမှာတွေရှိတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။ ထို့ပြင် လက်ရှိ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အမှတ် ၁ တပ်မတော်စစ်သားစုဆောင်းရေးတပ်၊ မန္တလေး-မိုးကုတ်ကားလမ်း၊ ထီးတော်မိုးကျေးရွာရှိ အမှတ် ၂ တပ်မတော်စစ်သားစုဆောင်းရေးတပ်ဌာနချုပ် ၊ မကွေးတိုင်း၊ မကွေးမြို့၊ မကွေးလေတပ်စခန်းအနီးရှိ အမှတ် ၃ တပ်မတော်စစ်သားစုဆောင်းရေးတပ်၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ အမှတ် ၄ တပ်မတော်စစ်သားစုဆောင်းရေးတပ်များတွင် အဆောင်များ၊ အိပ်ဆောင်များ၊ ထမင်းစားဆောင်များ အလျှင်အမြန်တိုးချဲ့နေပြီး တစ်နိုင်ငံလုံးရှိ တပ်ရင်းတပ်ဖွဲ့များတွင်လည်း အဆောင်များ တိုးချဲ့နေကြောင်း သိရှိရသည်။ “တပ်ရင်းတပ်ဖွဲ့တွေမှာ အိပ်ဆောင်၊ ထမင်းစားဆောင် အဲဒါတွေတော့ အကုန်တိုးချဲ့နေပါတယ်။ တပ်သားစုဆောင်းရေးတပ်တွေမှာ ဆေးစစ်တာ၊ သတင်းပို့တာတွေလည်းရှိမယ်။ အဲဒီတပ်တွေက သူ့နယ်မြေအလိုက် ခွဲပြီး တာဝန်ယူကြမှာရှိတယ်။ ဥပမာ ရန်ကုန်၊ အင်းစိန်မှာရှိတဲ့ အမှတ် ၁ တပ်သားစုဆောင်းရေးတပ်က သူ့လက်အောက်ခံ ရုံး ၄ ခုရှိ မော်လမြိုင် တပ်ရုံး၊ မြိတ်တပ်ရုံး၊ မင်္ဂလာဒုံ တပ်ရုံး၊ ပုသိမ်တပ်ရုံး ရှိတယ်။ အဲဒီရုံးတွေက နယ်မြေတွေ ခွဲကိုင်ကြမယ်။ နောက်တစ်ခါ အမှတ် ၂ စုဆောင်းရေးတပ်ဆိုရင်လည်း တောင်ကြီးရုံး၊ မိတ္တီလာရုံး၊ ကျှိုင်းတုံရုံး၊ ခိုလမ်ရုံး အဲဒါတွေကလည်း သက်ဆိုင်ရာနယ်မြေတွေကို ခွဲယူကြမယ်။ အမှတ် ၃ စုဆောင်းရေး တပ်ဆိုရင် ပျဉ်းမနားရုံး၊ တောင်ငူရုံး၊ အမ်းရုံး၊ ပြည်ရုံးကို နယ်မြေတွေ ခွဲ ကိုင်မယ်။ အမှတ် ၄ စုဆောင်းရေးတပ်ဆိုရင် မုံရွာရုံး၊ ကလေးရုံး၊ မြစ်ကြီးနားရုံး၊ လားရှိုးရုံး အလိုက် နယ်မြေတွေ ခွဲကိုင်ကြမယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်မှုမထမ်းမနေရ ဥပဒေကို အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ဓာတ်ပုံ- စစ်ကောင်စီ၏ တပ်သားသစ်စုဆောင်းရေး တပ်က ထုတ်ပြန်ထားသည့် ဓာတ်ပုံ။(ပုံအဟောင်းဖြစ်ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *