ရေးမြို့ ပွဲတွေဆက်

ရေးမြို့နယ်၊ စကခ ၁၉ ဌာနချုပ် တပ်ရင်းအတွင်းရှိ အရာရှိ အိမ်ယာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စကခ ၁၉ ဌာနချုပ် တပ်ရင်းအတွင်း အရာရှိအိမ်ရာကို Fixed Winds Drone ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ရေးမြို့နယ်၊ အကြမ်းဖက် စစ်ကောင်စီ၏ စကခ ၁၉ ဌာနချုပ်တပ်ရင်းအတွင်းရှိ အရာရှိအိမ်ယာကို Fixed Wing Drone ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ ပစ်မှတ်အား ထိမှန်ပေါက်ကွဲခဲ့ပြီး လူနာတင်ယာဥ်တစ်စီးဖြင့် လာရောက်သယ်ထုတ်သွားကြောင်း သိရှိရကြောင်း၊ ထိခိုက်သေဆုံးမှုအတိအကျသိရှိနိုင်ရန် စုံးစမ်းထောက်လှမ်းဆဲဖြစ်ကြောင်း သိရ သည်။အဆိုပါ တိုက်ခိုက်မှုကို ဒေါနစစ်ကြောင်းနှင့်အတူ ရေးပြောက်ကျားတပ် (ဒေါနတပ်ခွဲ – ၃) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗုံးကျဲပြီးနောက်‌ လေယာဉ်ပြန်ဆုတ်ခွာရာတွင် စစ်ကောင်စီ၏ စကခ ၁၉ တပ်ရင်းဌာနချုပ်အတွင်းနှင့် ခလရ ၆၁ တပ်ရင်းမှ ပြန်လည်ပစ်ခတ်မှုကြောင့် လေယာဉ် ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။ထို့ပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ စစ်ဆင်ရေး မလုပ်ဆောင်မီနှင့် လုပ်ဆောင်ပြီးချိန် တွင် လက်နက်ကြီးများဖြင့် တနေလုံး အချက်ရေ ၅၀ ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *