အုပ်ကြီး ပြီးတော့ဆယ်အိမ်မှူး😄😄😄😄

ကျိုင်းတုံမြို့နယ်၊ ပန်ယောင်းကျေးရွာမှာ ဆယ်အိမ်မှူးတစ်ဦး သတ်ဖြတ်ခံရ

ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ပန်ယောင်းကျေးရွာမှာ ဆယ်အိမ်မှူး တစ်ဦးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်မနက်ပိုင်းက လုပ်ကြံသတ်ဖြတ်ထားခြင်းခံရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက် မနက် ၁၀ နာရီခန့်တွင် ဆယ်အိမ်မှူး ကျားမူး (၃၅) နှစ်ဟာ မိန်းမနဲ့အတူ ဖခင်ဖြစ်သူနေထိုင်ရာ နမ့်ဆီ(၁)ကျေးရွာ လားဟူနှစ်သစ်ကူးပွဲက အပြန်တောလမ်းမှာ သေနတ်နဲ့ ပစ်ခံရတယ်လို့ သိရပါတယ်။

ကျာမူးတို့လက်မယားဟာ နမ့်ဆီ(၁) ကျေးရွာက ပန်ယောင်းကျေးရွာကို တောလမ်းမှ ပြန်လာစဉ် အခင်းဖြစ်တဲ့နေရာ အရောက် လမ်းမှာ သစ်တုံးများပိတ်နေတာကို ဖယ်ရှားရန် ဆိုင်ကယ်ပေါ်က ဆင်းစဉ် သေနတ်သံတစ်ချက်ကြားပြီး ကျာမူးဟာ နေရာ၌ လဲကျသွားတယ်လို့ သိရပါတယ်။

ကျမူးရဲ့ဇနီးက လာရာလမ်းအတိုင်း ပြန်ထွက်ပြေးလာပြီး ပန်ကြူကျေးရွာ အုပ်ချုပ်ရေးမှူးကို သတင်းပို့ခဲ့လို့ သွားရောက်စစ်ဆေးရာ ကျာမူး မှာ သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာတွေနဲ့သေဆုံးနေတာ တွေ့ရတယ်လို့ သိရပါတယ်။

အခင်းဖြစ်နေရာမှာ လူသတ်မှုကျူးလွန်သူရဲ့ ဒေသရိုးရာဝါးနဲ့လုပ်တဲ့(မော်ယာနမ့်) ဆေးရှူအိုးကို တွေ့ရပြီးစောင့်ပြီးလုပ်ကြံတာဖြစ်တယ်လို့ သိရပါတယ်။

လူသတ်မှုကို ကျိုင်းတုံမြိုမ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သတင်းရရှိပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *