ထားဝယ်မှာတဲ့ အများကြီးပဲလမ်းဘေးအိပ်တာ(ရုပ်သံ)

ထားဝယ်တွင် စစ်သားအင်အား ၃၀၀ နီးပါးနှင့် ကား ၁၇ စီးပါ စစ်ယာဉ်တန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃၀ ကျော် သေဆုံးပြီး စစ်ကား ၇ စီး သိမ်းပိုက်ရရှိရန်ကုန်၊

ဖေဖော်ဝါရီ ၂၂

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသတွင် စစ်သားအင်အား ၃၀၀ နီး ပါးနှင့် ကား ၁၇ စီးပါ စစ်ယာဉ်တန်းကို KNLA ဦးဆောင်သော တော် လှန်ရေးတပ်များက တိုက်ခိုက်ရာ စစ်သား ၃၀ ကျော်သေဆုံးပြီး စစ်ကား ၇ စီးကို သိမ်းပိုက်ရရှိခဲ့ကြောင်း ထားဝယ်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ထားဝယ်မြို့မှ ကျောက်မဲတောင်ကျေးရွာရှိ စစ်တပ်စခန်းနှင့်ရဲစခန်းတို့ကို ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် စစ်အင်အားဖြည့်တင်းရန်အတွက် စစ်သား အင်အား ၃၀၀ နီးပါးနှင့် ကား ၁၇ စီးပါ စစ်ယာဉ်တန်း ထွက်လာကြောင်း၊ အဆိုပါ စစ်ယာဉ်တန်းသည် ထားဝယ်-ထီးခီးလမ်းအတိုင်းလာစဉ် နေ့စဉ် တော်လှန်ရေး တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့ညနေပိုင်းတိုက်ပွဲသည် အပြင်းထန်ဆုံး ဖြစ်ပြီး စစ်တပ်ဘက်မှ ၃၀ ကျော်သေဆုံးကာ စစ်ကား ၇ စီးကိုလည်း သိမ်းပိုက်ရရှိနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကားတန်းစထွက်လာကတည်းက တော်လှန်ရေးတပ်တွေနဲ့ KNLA တပ်တွေက ၀ိုင်းတိုက်တာ။ မနေ့က တိုက်ပွဲကတော့ အပြင်းထန်ဆုံးပဲ။ စစ်ကားတွေလည်း ဖျက်ဆီးနိုင်ခဲ့တယ်။ မနေ့ကတင် စစ်ကားတန်းမှာ မြင်ရတဲ့ အလောင်းက ၂၀ နီးပါး မျက်မြင် တွေ့တယ်။ စစ်တပ်ဘက်က သေ ဆုံးမှု အနည်းဆုံး ၃၀ ကျော်တော့ ရှိတယ်။ လက်နက်လည်း ၃၀ ကျော် သိမ်း ဆည်းရရှိတယ်။ ရဟတ်ယာဉ်နဲ့ လာပစ်တယ်။

လက်နက်ကြီးတွေနဲ့ စစ်တပ်ကပစ်နေတယ်။ အခုထက်ထိ စစ်ရေးတင်းမာနေတုန်းပဲ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်သတင်းရင်းမြစ်ကရှင်းပြသည်။

တော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း အနည်းဆုံး ရဲဘော် ၅ ဦးထက်မနည်း ကျဆုံးခဲ့ရပြီး ဒဏ်ရာရအပြင်း အထန် ရရှိထားသူများလည်းရှိကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေ၍ အသေးစိတ် တိုက်ပွဲ အခြေအနေများကို အားလုံး ငြိမ်သက်သွားသည့်အချိန်မှ သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်းပြောဆိုသည်။(စစ်ကားများနှင့် စစ်သားအလောင်းများ သိမ်းပိုက်ရရှိသော ဗီဒီယိုကို ရန်ကုန်ခေတသ်စ်၏ တယ်လီဂရမ်တွင် ကြည့်ရှုနိုင်ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *