ပေါ်တာဆွဲတာဟုတ်ဘူးနော် ဂိတ်စောင့်ခိုင်းဖို့ခေါ်သွားတာဆိုပဲ

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် စစ်တပ်က နေ့ခင်းအချိန် ညောင်ပင်ဝိုင်းကျေးရွာထဲသို့ ပေါ်တာဝင်ဆွဲပြီး ကိုစန်းပု၊ ကိုမိုးလွင်၊ ကိုကျော်ဆွေအပါအဝင် လူငယ် ၅ ဦးကို ဖမ်းခေါ် သွား၊ တပ်ဂိတ်စောင့်ခိုင်းရန်ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် စစ်တပ်က နေ့ခင်းအချိန် ညောင်ပင်ဝိုင်းကျေးရွာထဲသို့ ပေါ်တာဝင်ဆွဲပြီး ကိုစန်းပု၊ ကိုမိုးလွင်၊ ကိုကျော်ဆွေအပါအဝင် လူငယ် ၅ ဦးကို ဖမ်းဆီးခေါ် သွားကြောင်း ကျေးရွာသူကျေးရွားသားများက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နေ့လယ်အချိန် အမှတ် ၂ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းက နေပြည်တော် ဥတ္တရသီရိမြို့ နယ်၊ မိုးစွေ ကျေးရွာအုပ်စု၊ ညောင်ပင်ဝိုင်းကျေးရွာမှ လူငယ် ၅ ဦးကို ပေါ်တာဆွဲသွားကြောင်း၊ ပေါ်တာဆွဲခံရသူများမှာ ကိုစန်းပု၊ ကိုမိုးလွင်၊ ကိုကျော်ဆွေ အပါအဝင် လူငယ် ၅ ဦးဖြစ်ကြောင်း သိရှိရသည်။

“ဖေဖော်ဝါရီလ ၂၀ ရက်နေ့ အမှတ် ၂ တန်းမြင့်လေ့ကျင့်ရေးကျောင်းက နေ့ခင်းအချိန်ကြီး လာဖမ်းခေါ်သွားတာ။ တပ်ထဲဂိတ်စောင့်ခိုင်းဖို့ဆိုပြီးခေါ်သွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိ နေပြည်တော်ဥတ္တရသီရိမြို့နယ်အတွင်းတွင် ပြည်သူ့စစ်များ ဖွဲ့စည်းရန် စစ်ကောင်စီက စာရင်းကောက်ယူခြင်း၊ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းခိုင်းမည့် လူစာရင်းများ ကောက်ယူနေပြီး ညအချိန်တွင်လည်း လူငယ်များကိုလည်း ဖမ်းဆီး ခေါ်ဆောင်မှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

ေနျပည္ေတာ္၊ ဥတၱရသီရိၿမိဳ႕နယ္တြင္ စစ္တပ္က ေန႔ခင္းအခ်ိန္ ေညာင္ပင္ဝိုင္းေက်း႐ြာထဲသို႔ ေပၚတာဝင္ဆြဲၿပီး ကိုစန္းပု၊ ကိုမိုးလြင္၊ ကိုေက်ာ္ေဆြအပါအဝင္ လူငယ္ ၅ ဦးကို ဖမ္းေခၚ သြား၊ တပ္ဂိတ္ေစာင့္ခိုင္းရန္ဟုဆို
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၂
ေနျပည္ေတာ္၊ ဥတၱရသီရိၿမိဳ႕နယ္တြင္ စစ္တပ္က ေန႔ခင္းအခ်ိန္ ေညာင္ပင္ဝိုင္းေက်း႐ြာထဲသို႔ ေပၚတာဝင္ဆြဲၿပီး ကိုစန္းပု၊ ကိုမိုးလြင္၊ ကိုေက်ာ္ေဆြအပါအဝင္ လူငယ္ ၅ ဦးကို ဖမ္းဆီးေခၚ သြားေၾကာင္း ေက်း႐ြာသူေက်း႐ြားသားမ်ားက ေျပာဆိုသည္။
ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔ ေန႔လယ္အခ်ိန္ အမွတ္ ၂ တပ္မေတာ္ တန္းျမင့္ေလ့က်င့္ေရးေက်ာင္းက ေနျပည္ေတာ္ ဥတၱရသီရိၿမိဳ႕ နယ္၊ မိုးေစြ ေက်း႐ြာအုပ္စု၊ ေညာင္ပင္ဝိုင္းေက်း႐ြာမွ လူငယ္ ၅ ဦးကို ေပၚတာဆြဲသြားေၾကာင္း၊ ေပၚတာဆြဲခံရသူမ်ားမွာ ကိုစန္းပု၊ ကိုမိုးလြင္၊ ကိုေက်ာ္ေဆြ အပါအဝင္ လူငယ္ ၅ ဦးျဖစ္ေၾကာင္း သိရွိရသည္။
“ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔ အမွတ္ ၂ တန္းျမင့္ေလ့က်င့္ေရးေက်ာင္းက ေန႔ခင္းအခ်ိန္ႀကီး လာဖမ္းေခၚသြားတာ။ တပ္ထဲဂိတ္ေစာင့္ခိုင္းဖို႔ဆိုၿပီးေခၚသြားတာ” ဟု ေဒသျပည္သူတစ္ဦးက ေျပာဆိုသည္။
လက္ရွိ ေနျပည္ေတာ္ဥတၱရသီရိၿမိဳ႕နယ္အတြင္းတြင္ ျပည္သူ႔စစ္မ်ား ဖြဲ႕စည္းရန္ စစ္ေကာင္စီက စာရင္းေကာက္ယူျခင္း၊ စစ္မႈထမ္းဥပေဒအရ စစ္မႈထမ္းခိုင္းမည့္ လူစာရင္းမ်ား ေကာက္ယူေနၿပီး ညအခ်ိန္တြင္လည္း လူငယ္မ်ားကိုလည္း ဖမ္းဆီး ေခၚေဆာင္မႈမ်ား ဆက္တိုက္ျဖစ္ေပၚလ်က္ရွိေၾကာင္း သိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *