သာလီစွပါ တဖြေးဖြေးစစ်တွေနီးလာဘီ

ပုဏ္ဏားကျွန်း၊ မြို့မရဲစခန်းကို AA က သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်စခန်းများ၊ ဗျူဟာများကို ဆက်လက် ထိုးစစ်ဆင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် မြို့မရဲစခန်းကို AA က သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်စခန်းများ၊ ဗျူဟာများကို ဆက်လက် ထိုးစစ်ဆင်နေကြောင်း AA က သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့ ပုဏ္ဏားကျွန်း၊ မြိုမရဲစခန်းကို AA က သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ထို့ပြင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြိုများရှိ လက်နက်ချအညံ့မခံသော အကြမ်းဖက် စစ်ကောင်စီ၏ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်များကို ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက်တိုက်ပွဲများ ဆက်လက်ဆင်နွှဲရင်း စစ်တပ်စခန်းတချို့ကို အပြီးသတ်သိမ်းပိုက်ရယူရန်အတွက် ထိုးစစ်များကို ဆက်တိုက် ဆင်နွှဲလျက်ရှိကြောင်း သိရှိရသည်။

ထို့အတူ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် မင်းပြားမြို၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း ကို ရက္ခိုင့်တပ်တော်မှ ငါးရက်မြောက်ထိုးစစ်နေ့အဖြစ် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ စစ်ကောင်စီက စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် မြို့များတွင်ရှိသော တပ်စခန်းများမှ လက်နက်ကြီးများဖြင့် မြို၊ ရွာ၊ လူနေအိမ်များအတွင်းသို ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများကို ယခင်ရက်များ နည်းတူ ပြုလုပ်နေခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယမန်နေ့ ညနေ ၅ နာရီ ပတ်ဝန်းကျင်အချိန် စစ်ကောင်စီက ယခင်ရက်များနည်းတူ ရမ်းဗြဲမြိုအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း၊ စစ်တပ်က ဂျက်တိုက်လေယာဉ်၊ Y12 လေယာဉ်များ ကို အသုံးပြုပြီး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပုဏၰားကြၽန္း၊ ၿမိဳ႕မရဲစခန္းကို AA က သိမ္းပိုက္ရရွိၿပီး စစ္ေကာင္စီတပ္စခန္းမ်ား၊ ဗ်ဴဟာမ်ားကို ဆက္လက္ ထိုးစစ္ဆင္
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၃
ရခိုင္ျပည္နယ္၊ ပုဏၰားကြၽန္းၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းကို AA က သိမ္းပိုက္ရရွိၿပီး စစ္ေကာင္စီတပ္စခန္းမ်ား၊ ဗ်ဴဟာမ်ားကို ဆက္လက္ ထိုးစစ္ဆင္ေနေၾကာင္း AA က သတင္းထုတ္ျပန္ထားသည္။
ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔ ပုဏၰားကြၽန္း၊ ၿမိဳမရဲစခန္းကို AA က သိမ္းပိုက္ရရွိခဲ့ေၾကာင္း၊ ထို႔ျပင္ ပုဏၰားကြၽန္း၊ ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေမာင္ေတာ ၿမိဳမ်ားရွိ လက္နက္ခ်အညံ့မခံေသာ အၾကမ္းဖက္ စစ္ေကာင္စီ၏ စစ္စခန္း၊ ဗ်ဴဟာ၊ တပ္ရင္း၊ တပ္မဌာနခ်ဳပ္မ်ားကို ရကၡိဳင့္တပ္ေတာ္မွ ဗ်ဴဟာေျမာက္တိုက္ပြဲမ်ား ဆက္လက္ဆင္ႏႊဲရင္း စစ္တပ္စခန္းတခ်ိဳ႕ကို အၿပီးသတ္သိမ္းပိုက္ရယူရန္အတြက္ ထိုးစစ္မ်ားကို ဆက္တိုက္ ဆင္ႏႊဲလ်က္ရွိေၾကာင္း သိရွိရသည္။
ထို႔အတူ ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔တြင္ မင္းျပားၿမိဳ၊ ကမ္းနီ႐ြာအနီးရွိ စစ္ေကာင္စီ၏ အမွတ္ (၉) တိုင္းဗဟိုေလ့က်င့္ေရးသင္တန္းေက်ာင္း ကို ရကၡိဳင့္တပ္ေတာ္မွ ငါးရက္ေျမာက္ထိုးစစ္ေန႔အျဖစ္ ဆက္လက္ ထိုးစစ္ဆင္တိုက္ခိုက္လ်က္ရွိေၾကာင္း၊ စစ္ေကာင္စီက စစ္ေတြ၊ ပုဏၰားကြၽန္း၊ ရေသ့ေတာင္၊ ဘူးသီးေတာင္ ၿမိဳ႕မ်ားတြင္ရွိေသာ တပ္စခန္းမ်ားမွ လက္နက္ႀကီးမ်ားျဖင့္ ၿမိဳ၊ ႐ြာ၊ လူေနအိမ္မ်ားအတြင္းသို ရမ္းသန္းပစ္ခတ္တိုက္ခိုက္မႈမ်ားကို ယခင္ရက္မ်ား နည္းတူ ျပဳလုပ္ေနခဲ့ေၾကာင္း သိရွိရသည္။
ထို႔ျပင္ ယမန္ေန႔ ညေန ၅ နာရီ ပတ္ဝန္းက်င္အခ်ိန္ စစ္ေကာင္စီက ယခင္ရက္မ်ားနည္းတူ ရမ္းၿဗဲၿမိဳအား ေလေၾကာင္းမွ ဗုံးႀကဲတိုက္ခိုက္ျခင္းမ်ားကို ျပဳလုပ္ခဲ့ေၾကာင္း၊ စစ္တပ္က ဂ်က္တိုက္ေလယာဥ္၊ Y12 ေလယာဥ္မ်ား ကို အသုံးျပဳၿပီး လာေရာက္ဗုံးႀကဲတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *