ရှမ်းမြောက်ကိုအားကျလို့ ရှမ်းတောင်လည်းအောင်ပွဲဆက်

ဟိုပုံးမြို့နှင့် မိုင်းပွန်မြို့ အကြားရှိ စစ်ကောင်စီ၏ လွယ်ဝိုးတုတ်စခန်းကို SSPP နှင့်မဟာမိတ်တပ်များ သိမ်းပိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံးမြို့နှင့် မိုင်းပွန်မြို့ အကြား ထမ်းဆန်းဂူအပေါ်ဘက်ရှိ စစ်ကောင်စီ၏ လွယ်ဝိုးတုတ်စခန်းကို SSPP နှင့် မဟာမိတ်တပ်ဖွဲ့များ ကသိမ်းပိုက်လိုက်ကြောင်း မဟာမိတ်တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ နံနက် ၄ နာရီ ၃၀ မိနစ်တွင် မိုင်းပွန်မြို့နှင့် ထမ်းစန်းဂူ အကြားတွင် SSPP နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကြောင်း ၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှစတင်ပြီး မိုင်းပွန်တွင် စစ်တပ်၊ လက်အောက်ခံPNO တပ်များနှင့် SSPP တပ်များအကြား တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ယနေ့ မွန်းတည့်ပိုင်းတွင် စစ်ကောင်စီ၏ လွယ်၀ိုးတုတ်စခန်းကို SSPP နှင့်မဟာမိတ်တပ်များက သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ထမ်းဆန်းဂူအပေါ်ဘက်မှာရှိတဲ့ စကစ လွယ်ဝိုးတုတ်စခန်းကို ကျနော်တို့ ရပါပြီ။ တိုက်ပွဲကတော့ အရမ်းပြင်းထန်ခဲ့ပါတယ်။ ” ဟု တော်လှန်ရေး မဟာမိတ်သတင်းရင်းမြစ်က ပြောဆိုသည်။

တိုက်ပွဲကြားတွင် ပိတ်မိခဲ့သော ဒေသပြည်သူတစ်ဦးကလည်း “ဒီနေ့ မနက် ၄ နာရီ ၃၀ မိနစ်လောက်က ဟိုပုံးဘက်ကနေ တက်လာတဲ့ စစ်ကောင်စီ အဖွဲ့ကို မိုင်းပွန်နဲ့ ထမ်းစန်းဂူ အကြားမှာ SSPP အဖွဲ့က အနီးကပ် ဝိုင်ထားပြီး တိုက်ခိုက်တာ SSPP က ဒရုန်းတွေနဲ့ကော ချတာ စစ်ခွေးတွေဘက်မှာ လက်နက်ကြီး ထိတဲ့ကောင်တောင် ပြန်မဆွဲနိုင်ဘူး” ဟု ပြောဆိုသည်။

လက်ရှိတွင် SSPP ဘက်မှ မဟာမိတ်တပ်များ ပါဝင်တိုက်ခိုက်ကြပြီး စစ်ကောင်စီတပ်ဘက်မှ PNO တပ်များက အလုံးအရင်းဖြင့် ပါဝင်တိုက်ခိုက်နေကြောင်း သိရှိရသည်။

ဟိုပုံးၿမိဳ႕ႏွင့္ မိုင္းပြန္ၿမိဳ႕ အၾကားရွိ စစ္ေကာင္စီ၏ လြယ္ဝိုးတုတ္စခန္းကို SSPP ႏွင့္မဟာမိတ္တပ္မ်ား သိမ္းပိုက္
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၃
ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ ဟိုပုံးၿမိဳ႕ႏွင့္ မိုင္းပြန္ၿမိဳ႕ အၾကား ထမ္းဆန္းဂူအေပၚဘက္ရွိ စစ္ေကာင္စီ၏ လြယ္ဝိုးတုတ္စခန္းကို SSPP ႏွင့္ မဟာမိတ္တပ္ဖြဲ႕မ်ား ကသိမ္းပိုက္လိုက္ေၾကာင္း မဟာမိတ္ေတာ္လွန္ေရး သတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔၊ နံနက္ ၄ နာရီ ၃၀ မိနစ္တြင္ မိုင္းပြန္ၿမိဳ႕ႏွင့္ ထမ္းစန္းဂူ အၾကားတြင္ SSPP ႏွင့္ အၾကမ္းဖက္ စစ္ေကာင္စီ တပ္ဖြဲ႕မ်ား ထိေတြ႕ တိုက္ပြဲျဖစ္ပြားၿပီး အၾကမ္းဖက္ စစ္တပ္ဘက္မွ ထိခိုက္ေသဆုံးမႈ မ်ားျပားေၾကာင္း ၊ ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔မွစတင္ၿပီး မိုင္းပြန္တြင္ စစ္တပ္၊ လက္ေအာက္ခံPNO တပ္မ်ားႏွင့္ SSPP တပ္မ်ားအၾကား တိုက္ပြဲျဖစ္ပြားေနျခင္းျဖစ္ေၾကာင္း၊ ယေန႔ မြန္းတည့္ပိုင္းတြင္ စစ္ေကာင္စီ၏ လြယ္၀ိုးတုတ္စခန္းကို SSPP ႏွင့္မဟာမိတ္တပ္မ်ားက သိမ္းပိုက္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။
“ထမ္းဆန္းဂူအေပၚဘက္မွာရွိတဲ့ စကစ လြယ္ဝိုးတုတ္စခန္းကို က်ေနာ္တို႔ ရပါၿပီ။ တိုက္ပြဲကေတာ့ အရမ္းျပင္းထန္ခဲ့ပါတယ္။ ” ဟု ေတာ္လွန္ေရး မဟာမိတ္သတင္းရင္းျမစ္က ေျပာဆိုသည္။
တိုက္ပြဲၾကားတြင္ ပိတ္မိခဲ့ေသာ ေဒသျပည္သူတစ္ဦးကလည္း “ဒီေန႔ မနက္ ၄ နာရီ ၃၀ မိနစ္ေလာက္က ဟိုပုံးဘက္ကေန တက္လာတဲ့ စစ္ေကာင္စီ အဖြဲ႕ကို မိုင္းပြန္နဲ႔ ထမ္းစန္းဂူ အၾကားမွာ SSPP အဖြဲ႕က အနီးကပ္ ဝိုင္ထားၿပီး တိုက္ခိုက္တာ SSPP က ဒ႐ုန္းေတြနဲ႔ေကာ ခ်တာ စစ္ေခြးေတြဘက္မွာ လက္နက္ႀကီး ထိတဲ့ေကာင္ေတာင္ ျပန္မဆြဲႏိုင္ဘူး” ဟု ေျပာဆိုသည္။
လက္ရွိတြင္ SSPP ဘက္မွ မဟာမိတ္တပ္မ်ား ပါဝင္တိုက္ခိုက္ၾကၿပီး စစ္ေကာင္စီတပ္ဘက္မွ PNO တပ္မ်ားက အလုံးအရင္းျဖင့္ ပါဝင္တိုက္ခိုက္ေနေၾကာင္း သိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *