ဟိုပုံးမြို့နဲ့ မိုင်းပွန်မြို့လမ်းပိုင်းအခြေနေ(ရုပ်သံ)

မိုင်းပွန်တိုက်ပွဲအတွင်း ကုန်တင်ကားတွေ ဆက်လက်ပိတ်မိ

ဖေဖော်ဝါရီ-၂၄

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဟိုပုံးမြို့နဲ့ မိုင်းပွန်မြို့မှာ တိုက်ပွဲတွေ ငြိမ်သက်နေပေမယ့်

ယနေ့အချိန်ထိ ကုန်တင်ကားတွေ ဆက်လက်ပိတ်မိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“အများကြီးပဲ ကျန်ပါသေးတယ် အတိကျတော့ မသိဘူး မြို့အပြင် လမ်းမကြီး အထိရှိနေပါသေးတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ နဲ့ ပအိုးဝ်ပြည်သူ့စစ်တပ်ဖွဲ့ (PNO) တွေနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် (PNLA)တို့ကြား ဟိုပုံးမြို့ အရှေ့ပိုင်းမှာ မနေ့ ဖေဖော်ဝါရီ၂၁ရက်က ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ၄ ရက်နီးပါး မိုင်းပွန်တံတားကြီးဂိတ်ကို ဖြတ်သန်းခွင့် ပိတ်ထားတာလည်း ဖြစ်ပါတယ်။

အဲဒီလိုပိတ်ထားတာကြောင့် ကားအစီးတစ်ရာကျော်နဲ့ ခရီးသည်သုံးရာနီးပါး ပိတ်မိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိမှာတော့ အိမ်စီးကားတချို့နဲ့ ဌာနဆိုင်ရာကားတချို့ကိုတော့ ဖြတ်သန်းခွင့်ပေးပေမယ့် ကုန်တင်ကားတွေကတော့ ဖြတ်သန်းသွားလာခွင့်မရသေးဘူးလို့ သိရပါတယ်။

ပိတ်မိနေသေးတဲ့ ခရီးသည်တွေနဲ့ ကားသမားတွေကို မိုင်းပွန်မြို့ခံတွေက အစားအသောက်တွေ ကူညီပေးနေတယ်လို့လည်း သိရပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်တပ်က လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီပစ်ခတ်မှုတွေကြောင့် ကားသမားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူတွေလည်း ထိခိုက်မှုရှိခဲ့ပေမယ့် အရေအတွက်ကိုတော့ အတိအကျမသိရသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့ကို စစ်တပ်က ပြန်လည်ထိုးစစ်ဆင်ဖို့ အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေပြီး စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *