မအလရဲ့မရှိတဲ့ $ရှက်တွေတော့ထပ်ကွဲအုန်းမယ်😀😀😀

AA က လာမယ့် မတ်လ ၄ ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်ဆိုပြီး ကြေညာထားတယ်။

ဒီတစ်ခေါက် သတင်းစာ ရှင်းလင်းပွဲမှာ ဟိုတလောက ဖြစ်သွားတဲ့ ကျောက်တော် သင်္ဘောမှောက်တဲ့ ကိစ္စကို အဓိက ပြောမယ် ထင်တယ်။

စကစရဲ့ သတင်း ထုတ်ပြန်ရေးက လုံးဝ မထုတ်ပြန်ရဲတဲ့ ကိစ္စကို AA က စိမ်ပြေနပြေ အထုပ်ဖြည်ပြမယ့် သဘော ရှိတယ်။

စစ်တပ်ရဲ့ ထိပ်ဆုံးကနေ အောက်ဆုံးအထိ အဆင့်ဆင့် အသုံးမကျတဲ့ စီမံခန့်ခွဲမှုတွေ၊ အောက်ခြေ စစ်သားတွေ အပေါ် စိတ်ကောင်း စေတနာ မရှိတာတွေကို မြင်သာအောင် ချပြမယ့် ပွဲမို့လို့ စိတ်ဝင်စားဖို့ ကောင်းတယ်။ရခိုင်မှာ မြို့တွေ အသိမ်းခံရတဲ့ ကိစ္စထက် ပိုပြီး ပြင်းထန်တဲ့ ထိုးနှက်ချက်က တပ်မိသားစုဝင်တွေ ရာနဲ့ချီပြီး အသက် ဆုံးရှူံးစေခဲ့တဲ့ အဲဒီ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။ တကယ်ဆို စစ်တပ်ဟာ သေနတ်ကိုင်နိုင်တဲ့ တပ်မိသားစုဝင် တိုင်းကို သူတို့ အရန်အင်အားလို့ သဘော ထားတာပါ။

ဒါကလည်း ဟိုးအရင် ကတည်းက စစ်ခေါင်းဆောင်တွေ ချမှတ်ခဲ့တဲ့ ပေါ်လစီဖြစ်ပြီး ဝါဒဖြန့် ရုပ်ရှင်ကားတွေ မှာတောင် ဒါကို ဂုဏ်ယူစွာ ရိုက်ပြခဲ့ ပါသေးတယ်။ ဒါပေမယ့် အဲဒီလို ဖျင်ယားခဲ့မှုကြောင့် လောက်ကိုင်မှာ တပ်မိသားစုဝင်တွေ ပိတ်မိပြီး ဒကစ တစ်ခုလုံးလက်နက် ချလိုက်ရတဲ့ ဖြစ်ရပ် ပေါ်ပေါက်ခဲ့ပါတယ်။ ဒီအဖြစ်ကို သင်ခန်းစာ ယူပြီး မင်းပြား၊ ကျောက်တော်၊ မြောက်ဦးတို့က တပ်မိသားစုဝင် တွေကို ရေလမ်းကနေ စစ်တွေပို့ဖို့ ခေါင်းဆောင် ပိုင်းက ညွှန်ကြားပါတယ်။ ဒါပေမယ့် အောက်ခြေ တပ်မိသားစုဝင်တွေကို ခိုင်းဖတ်၊ ကျွန်တွေလိုပဲ သဘောထားတဲ့ စစ်ခေါင်းဆောင် အဆင့်ဆင့်ဟာ ထောင်ဂဏန်း နီးပါးရှိတဲ့ လူတွေကို ဘာအစောင့်အရှောက်မှ မပါဘဲ ကမ်းထိုးယာဉ် အစုတ်တွေနဲ့ ဖြစ်သလို စီစဉ်ပေးခဲ့ပါတယ်။

ဒီအချိန် AA က ကြားဖြတ် တိုက်တဲ့အခါ လက်နက်ချ အညံံ့ခံရင် အရေးယူ ခံရမှာစိုးလို့ လက်နက် မချခိုင်းဘဲ Drop Bomb တွေနဲ့ ပြန်တိုက်ခဲ့လို့ သူပစ်ကိုယ်ပစ်နဲ့ မလိုအပ်ဘဲ အသေအပျောက် အရမ်းများသွား ခဲ့တာပါ။ အဲဒီမှာ မသေဘဲ လွတ်မြောက်လာတဲ့ သက်ကြီးရွယ်အို ကျား ၁၀ ဦး၊ စစ်သည်များရဲ့ ဇနီး ၅၃ ဦး၊ အရွယ်ရောက်ပြီး ကလေး ကျား/မ ၂၈ ဦး၊ အရွယ်မရောက်သေးသည့် ကလေး ကျား/မ ၂၁ ဦး စုစုပေါင်း ၁၁၂ ဦးဟာ ရန်ကုန်က စစ်ကြောရေးနှင့် တည်းခိုရေးတပ် (ဘုရင့်နောင်)ကို အာဟာရ ပြတ်လပ်ပြီး ရောက်လာပါတယ်။

နိုင်ငံ့ အာဏာကို အတင်း အဓမ္မ လုယူ အုပ်ချုပ်နေတဲ့ စစ်တပ်ဟာ သူတို့လူ ၁၀၀ ကျော်ကိုတောင် စားစရာ၊ ဝတ်စရာ အလုံအလောက် မပေးနိုင်လို့ တပ်ထောက်ခံသူတွေ ခွက်ခေါက်ပြီး လိုက်တောင်းကျွေး ခဲ့ရပါသေးတယ်။ ဒီလို ညံ့ဖျင်းတဲ့ စီမံ အုပ်ချုပ်မှုတွေကို အာရုံလွှဲဖို့ အတွက် စစ်ခေါင်းဆောင်တွေဟာ လူမျိုးရေး မှိုင်းတိုက်တဲ့ လုပ်ရပ်တွေကို ထပ်မံ ကျူးလွန် ခဲ့ပါတယ်။ ဒါကြောင့် လာမယ့် သတင်းစာ ရှင်းလင်းပွဲမှာ AA က အဲဒါတွေကို လူသိအောင် အထုပ်ဖြည်ပါ လိမ့်မယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *