🐕🐕🐕တေ တွေရမယ် မြေဩဇာတွေရမယ်

ပဲခူးတိုင်း ပေါက်ခေါင်းမှာတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိ

ဖေဖော်ဝါရီ ၂၇ရက်၊

၂၀၂၄ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ လှည်းကူးအုပ်စု၊ တပ်ကော့မြောက်ဘက်ကိုင်းဖျားအနီးမှာ တော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်ခရိုင် PDF (၃၆၀၁ PPDF) တပ်ရင်း၊ ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို အတည်ပြုပြောဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ ညနေ ၄ နာရီက အင်အား ၄၆ ဦးဖြင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက် ၃ ဦးသေဆုံးကာ ၅ဦးထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

“သတင်းကြိုရလို့ ကျွန်တော်တို့ စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ၊ ထိခိုက်၊ သေဆုံးတွေက မျက်မြင်ပါပဲ၊ ၃ဦးက ပွဲချင်းပြီးသေတာပါ၊ ” လို့ (၃၆၀၁ PPDF) တပ်ရင်း၊ ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။

အဲဒီတိုက်ပွဲဟာ မိနစ် ၃၀ နီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်တွေဟာ သေဆုံးအလောင်းတွေကို ကိုင်းဖျားအနီးက ယာတဲပေါ်တင်ကာ မီးရှို့သွားပြီး ထိခိုက်ဒဏ်ရာရသူတွေကိုတော့ လှည်းကူးရွာဘက်ကို သယ်ဆောင်ပြီး တပ်ပြန်လည် ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေး အင်အားစုတွေကတော့ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတော့ ပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁ PPDF) တပ်ရင်း တပ်ခွဲ (၂) ဧရာညီနောင်စစ်ကြောင်း၊ တပ်ခွဲ (၅)၊ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၂ PDF) တပ်ရင်း တပ်ခွဲ (၃) တပ်ခွဲ (၄) နှင့်ရွှေတောင်၊ ပေါက်ခေါင်း ပကဖပူးပေါင်းအဖွဲ့တို့ ပူပေါင်းကာ လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *