ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ် တံတားပြိုကျ

သထုံမြို့နယ်အတွင်းရှိ ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်မှ မိုးကောင်း(ဖရဲသီးတန်းအနီး) တံတား မိုင်းခွဲခံရပြီး ပြိုကျပျက်စီး၊ လမ်းပန်းဆက်သွယ်ရေးများအားလုံး ပြတ်တောက်နေ

ဖေဖော်ဝါရီ ၂၈

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်မှ မိုးကောင်း(ဖရဲသီးတန်းအနီး) တံတား မိုင်းခွဲခံရပြီး ပြိုကျပျက်စီး၊ လမ်းပန်းဆက်သွယ်ရေးများအားလုံး ပြတ်တောက်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မနက် ၄ နာရီဝန်းကျင်အချိန် သထုံမြို့နယ် မိုးကောင်းကျေးရွာအုပ်စု(ဖရဲသီးတန်းအနီး) ရန်ကုန်-မော်လမြိုင်လမ်းကြီးပေါ်မှ မိုင်တိုင်အမှတ် ၁၃၅/၇ နှင့် ၁၃၆/၀ အကြားရှိ သံကူကွန်ကရစ်တံတားတစ်စင်း မိုင်းခွဲခံရပြီး တံတားလုံး၀ ပျက်စီးကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားကြောင်း သိရှိရသည်။

“မနက် ၄ နာရီလောက်မှာ မိုင်းကွဲတာ ဆက်တိုက်ပဲ။ တံတားကတော့ လုံး၀ ပျက်စီးသွားပြီ။ ကားတွေတော့ ဖြတ်မရလို့ ကားတန်းကြီးဖြစ်နေတယ်။ ဘယ်ဘက်က ခွဲလဲတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

သထုံၿမိဳ႕နယ္အတြင္းရွိ ရန္ကုန္ – ေမာ္လၿမိဳင္ကားလမ္းေပၚမွ မိုးေကာင္း(ဖရဲသီးတန္းအနီး) တံတား မိုင္းခြဲခံရၿပီး ၿပိဳက်ပ်က္စီး၊ လမ္းပန္းဆက္သြယ္ေရးမ်ားအားလုံး ျပတ္ေတာက္ေန
ေဖေဖာ္ဝါရီ ၂၈
မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္အတြင္းရွိ ရန္ကုန္ – ေမာ္လၿမိဳင္ကားလမ္းေပၚမွ မိုးေကာင္း(ဖရဲသီးတန္းအနီး) တံတား မိုင္းခြဲခံရၿပီး ၿပိဳက်ပ်က္စီး၊ လမ္းပန္းဆက္သြယ္ေရးမ်ားအားလုံး ျပတ္ေတာက္ေနေၾကာင္း ေဒသျပည္သူမ်ားက ေျပာဆိုသည္။
ယေန႔ ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔ မနက္ ၄ နာရီဝန္းက်င္အခ်ိန္ သထုံၿမိဳ႕နယ္ မိုးေကာင္းေက်း႐ြာအုပ္စု(ဖရဲသီးတန္းအနီး) ရန္ကုန္-ေမာ္လၿမိဳင္လမ္းႀကီးေပၚမွ မိုင္တိုင္အမွတ္ ၁၃၅/၇ ႏွင့္ ၁၃၆/၀ အၾကားရွိ သံကူကြန္ကရစ္တံတားတစ္စင္း မိုင္းခြဲခံရၿပီး တံတားလုံး၀ ပ်က္စီးကာ လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္သြားေၾကာင္း သိရွိရသည္။
“မနက္ ၄ နာရီေလာက္မွာ မိုင္းကြဲတာ ဆက္တိုက္ပဲ။ တံတားကေတာ့ လုံး၀ ပ်က္စီးသြားၿပီ။ ကားေတြေတာ့ ျဖတ္မရလို႔ ကားတန္းႀကီးျဖစ္ေနတယ္။ ဘယ္ဘက္က ခြဲလဲေတာ့ မသိရေသးဘူး” ဟု ေဒသျပည္သူတစ္ဦးက ရွင္းျပသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *