Mytel💣💣💣မိုက်တယ် မိုက်တယ်

ရန်ကုန်မြို့ရှိ အကြမ်းဖက် စစ်တပ်ပိုင် Mytel ကုမ္ပဏီရုံးချုပ်ကို မိုင်းခွဲတိုက် ခိုက်ရန်ကုန်၊

ဖေဖော်ဝါရီ ၂၈

ရန်ကုန်မြို့ရှိ စစ်တပ်ပိုင် Mytel ကုမ္ပဏီရုံးချုပ်ကို ယနေ့ ညနေပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြတော်လှန်ရေးတပ်ဖွဲ့က ပြောဆိုသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၆ နာရီအချိန် ဒဂုံမြို့နယ်၊အမှတ် (၆၁-၆၃)တိရစ္ဆာန် ရုံလမ်းရှိအကြမ်းဖက်စစ်တပ်ပိုင် MyTel ကုမ္ပဏီ ရုံးချုပ်ကို အ​နောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် Yangon Army (YA) တို့​ပေါင်း၍ ပြင်းအားမြင့်အဝေးထိန်းမိုင်းဖြင့် ထိထိရောက်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“ဒီညနေ ပေါက်ကွဲသံအကျယ်ကြီးတော့ တိရိစ္ဆာန်ရုံဘက်က ကြားရတယ်။ အတော် ကိုကျယ်တာ” ဟု ယောမင်းကြီးလမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။ လတ်တလော တိုက်ခိုက်မှုကြောင့် လူထိခိုက်မှု အခြေအနေ ရှိ၊ မရှိ အတိအကျ မသိရှိရသေးပေ။

My ပြည်သူများကို နည်းမျိုးစုံဖိနှိပ်နေသော မင်းအောင်လှိုင်နှင့်ဆက်စပ်နေသာသူများအားလုံးကိုလည်းကောင်း၊ ပြည်သူအားစစ်မူ့မထမ်းမနေရဥပဒေကိုအားပေးအားမြောက်ပြုနေသောသူအားလုံးကို အ​နောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် Yangon Army (YA) တို့​ က ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။ ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင် ဖွင့်လှစ်ပေးခဲ့သော ရန်ကုန်မြို့ရှိ Mytel ကုမ္ပဏီရုံးချုပ်။ (ပုံအဟောင်းဖြစ်ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *