ခဝေး၃ကောင် ငှက်ပျောဖူးကျွေး(ရုပ်သံ)

မြင်းခြံတွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၃ ဦးသေဆုံး (ရုပ်/သံ)

ရန်ကုန်၊ မတ် ၅

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်တပ်စစ်ကြောင်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း မြင်းခြံ ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ မြင်းခြံမြို့နယ်၊ ဓူဝံကျေးရွာသို့ ရောက်ရှိလာသည့် စစ်တပ် စစ်ကြောင်းကို မြင်းခြံမြို့နယ် ပကဖ၊ မြင်းခြံမြို့နယ် ပကဖ၏ ကွပ်ကဲမှုအောက်တွင် ရှိသော ဗိုလ်စား ပြောက်ကျားတပ်ဖွဲ့ ၊ မြင်းခြံခရိုင် တပ်ရင်း ၁ ၊ MDY PDF တပ်ရင်း ၃ ၊ Tiger Brothers (မြစ်သား) PDF တို့ ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံး ၂ လုံးချ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သား ၂ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

အလားတူ မတ်လ ၃ ရက်နေ့ မြင်းခြံမြို့နယ် နနွင်း​တော်ဘို့ ကျေးရွာသို့ ရောက်ရှိလာသည် စစ်တပ် စစ်ကြောင်းကို မြင်းခြံခရိုင် ဒရုန်းအဖွဲ့၊ မြင်းခြံမြို့နယ် ပကဖ၏ ကွပ်ကဲမှုအောက်တွင်ရှိသော ဗိုလ်စား ပြောက်ကျားတပ်ဖွဲ့ ၊ မြင်းခြံခရိုင် တပ်ရင်း ၉ တို့ ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံး ၂ လုံးချ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သား ၁ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရှိရသည်။

ျမင္းၿခံတြင္ စစ္တပ္စစ္ေၾကာင္းကို ဒ႐ုန္းျဖင့္ ဗုံးက်ဲမႈ စစ္သား ၃ ဦးေသဆုံး (႐ုပ္/သံ)
ရန္ကုန္၊ မတ္ ၅
မႏၲေလးတိုင္း၊ ျမင္းၿခံၿမိဳ႕နယ္တြင္ စစ္တပ္စစ္ေၾကာင္းမ်ားကို ဒ႐ုန္းျဖင့္ ဗုံးက်ဲတိုက္ခိုက္ရာ စစ္သား ၃ ဦးေသဆုံးေၾကာင္း ျမင္းၿခံ ပကဖမွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
ေဖေဖာ္ဝါရီလ ၂၉ ရက္ေန႔ ျမင္းၿခံၿမိဳ႕နယ္၊ ဓူဝံေက်း႐ြာသို႔ ေရာက္ရွိလာသည့္ စစ္တပ္ စစ္ေၾကာင္းကို ျမင္းၿခံၿမိဳ႕နယ္ ပကဖ၊ ျမင္းၿခံၿမိဳ႕နယ္ ပကဖ၏ ကြပ္ကဲမႈေအာက္တြင္ ရွိေသာ ဗိုလ္စား ေျပာက္က်ားတပ္ဖြဲ႕ ၊ ျမင္းၿခံခ႐ိုင္ တပ္ရင္း ၁ ၊ MDY PDF တပ္ရင္း ၃ ၊ Tiger Brothers (ျမစ္သား) PDF တို႔ ပူးေပါင္းၿပီး ဒ႐ုန္းျဖင့္ ဗုံး ၂ လုံးခ် တိုက္ခိုက္ခဲ့ေၾကာင္း၊ စစ္သား ၂ ဦးေသဆုံးၿပီး အမ်ားအျပား ထိခိုက္ဒဏ္ရာရရွိေၾကာင္း သိရွိရသည္။
အလားတူ မတ္လ ၃ ရက္ေန႔ ျမင္းၿခံၿမိဳ႕နယ္ နႏြင္း​ေတာ္ဘို႔ ေက်း႐ြာသို႔ ေရာက္ရွိလာသည္ စစ္တပ္ စစ္ေၾကာင္းကို ျမင္းၿခံခ႐ိုင္ ဒ႐ုန္းအဖြဲ႕၊ ျမင္းၿခံၿမိဳ႕နယ္ ပကဖ၏ ကြပ္ကဲမႈေအာက္တြင္ရွိေသာ ဗိုလ္စား ေျပာက္က်ားတပ္ဖြဲ႕ ၊ ျမင္းၿခံခ႐ိုင္ တပ္ရင္း ၉ တို႔ ပူးေပါင္းၿပီး ဒ႐ုန္းျဖင့္ ဗုံး ၂ လုံးခ် တိုက္ခိုက္ခဲ့ေၾကာင္း၊ စစ္သား ၁ ဦးေသဆုံးၿပီး အမ်ားအျပား ထိခိုက္ဒဏ္ရာ ရရွိေၾကာင္း သိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *