အွန်လိုင်းပေါ်က အလုပ်ခေါ်စာတွေကိုသတိထားကြပါ(ရုပ်သံ)

လူမှုကွန်ယက်စာမျက်နှာပေါ်မှ အလုပ်ခေါ်စာအား ဝင်လျှောက်ရာက တပ်သားစုဆောင်းခြင်းခံရဟု အလင်းဝင်တပ်သားပြော (ရုပ်သံ)

မတ်လ ၆

လူမှုကွန်ယက်စာမျက်နှာပေါ်မှ အလုပ်ခေါ်စာအား ဝင်လျှောက်ရာက တပ်သားစုဆောင်းခြင်းခံခဲ့ရကြောင်း မန္တလေးတိုင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ထံ အလင်းဝင်လာသည့် တပ်သားတစ်ကပြောသည်။

ယန္တရားမောင်းသင်တန်းတက်လိုသဖြင့် လူမှုကွန်ယက်စာမျက်နှာရှိ အလုပ်ခေါ်စာအား ဝင်လျှောက်ရာက စစ်အခြေခံသင်တန်းသို့ ပို့ဆောင်ခံရပြီးနောက် စစ်တပ်ထဲရောက်ရှိလာခြင်းဖြစ်သည်ဟု စစ်တွေအခြေစိုက် အမှတ်(၉၀၈) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ တပ်သား သက်ဇော်ဦးက ဆိုသည်။

၎င်းသည် သပိတ်ကျင်း၌ အခြေခံစစ်သင်တန်းကိုတက်ခဲ့ပြီးနောက် စစ်တွေမြို့ရှိ အမှတ်(၉၀၈) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းသို့ ပို့ဆောင်ခံခဲ့ရပြီး ယခုနှစ်တွင် ပြင်ဦးလွင်သို့ သင်တန်းလာတက်ရင်း ရှေ့တန်းသို့ ပါလာခြင်းဖြစ်သည်ဟု သိရသည်။

“ပထမဆုံးတစ်ခုကတော့ အွန်လိုင်းက အလုပ်ခေါ်စာပေါ့။ ဝန်ထမ်းခေါ်ပြီးတော့ လိမ်ညာတာပေါ့။ သင်တန်းတက်ရမယ် ဘတ်ဖိုးမောင်းရမယ်၊ ယန္တရားတွေမောင်းရမယ်၊ ကရိန်းတွေမောင်းရမယ်ပေါ့။ သင်တန်းဆင်းရင် အင်ဂျင်နီယာဖြစ်ပြီပေါ့။ အလုပ်ခေါ်စာပေါ့၊ ဝန်ထမ်းလျှောက်လွှာပေါ့ ဝန်ထမ်းခေါ်ပြီးမှ စစ်အခြေခံကျောင်းကို ပို့တာရှိတယ်။”ဟု ၎င်းကပြောသည်။

၎င်းသည် ဖေဖော်ဝါရီလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ထံသို့ MA-11 (1)လက် ၊ ကျည်ဘောက် (၇)ဘောက်၊ ကျည် (၂၅၀)တောင့်နှင့် ဆိုင်ကယ်တစ်စီးဖြင့် အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

.

လူမႈကြန္ယက္စာမ်က္ႏွာေပၚမွ အလုပ္ေခၚစာအား ဝင္ေလွ်ာက္ရာက တပ္သားစုေဆာင္းျခင္းခံရဟု အလင္းဝင္တပ္သားေျပာ (႐ုပ္သံ)
မတ္လ ၆
လူမႈကြန္ယက္စာမ်က္ႏွာေပၚမွ အလုပ္ေခၚစာအား ဝင္ေလွ်ာက္ရာက တပ္သားစုေဆာင္းျခင္းခံခဲ့ရေၾကာင္း မႏၲေလးတိုင္း ျပည္သူ႔ကာကြယ္ ေရးတပ္ဖြဲ႕ထံ အလင္းဝင္လာသည့္ တပ္သားတစ္ကေျပာသည္။
ယႏၲရားေမာင္းသင္တန္းတက္လိုသျဖင့္ လူမႈကြန္ယက္စာမ်က္ႏွာရွိ အလုပ္ေခၚစာအား ဝင္ေလွ်ာက္ရာက စစ္အေျခခံသင္တန္းသို႔ ပို႔ေဆာင္ခံရၿပီးေနာက္ စစ္တပ္ထဲေရာက္ရွိလာျခင္းျဖစ္သည္ဟု စစ္ေတြအေျခစိုက္ အမွတ္(၉၀၈) စစ္ေျမျပင္အင္ဂ်င္နီယာတပ္ရင္းမွ တပ္သား သက္ေဇာ္ဦးက ဆိုသည္။
၎သည္ သပိတ္က်င္း၌ အေျခခံစစ္သင္တန္းကိုတက္ခဲ့ၿပီးေနာက္ စစ္ေတြၿမိဳ႕ရွိ အမွတ္(၉၀၈) စစ္ေျမျပင္အင္ဂ်င္နီယာတပ္ရင္းသို႔ ပို႔ေဆာင္ခံခဲ့ရၿပီး ယခုႏွစ္တြင္ ျပင္ဦးလြင္သို႔ သင္တန္းလာတက္ရင္း ေရွ႕တန္းသို႔ ပါလာျခင္းျဖစ္သည္ဟု သိရသည္။
“ပထမဆုံးတစ္ခုကေတာ့ အြန္လိုင္းက အလုပ္ေခၚစာေပါ့။ ဝန္ထမ္းေခၚၿပီးေတာ့ လိမ္ညာတာေပါ့။ သင္တန္းတက္ရမယ္ ဘတ္ဖိုးေမာင္းရမယ္၊ ယႏၲရားေတြေမာင္းရမယ္၊ ကရိန္းေတြေမာင္းရမယ္ေပါ့။ သင္တန္းဆင္းရင္ အင္ဂ်င္နီယာျဖစ္ၿပီေပါ့။ အလုပ္ေခၚစာေပါ့၊ ဝန္ထမ္းေလွ်ာက္လႊာေပါ့ ဝန္ထမ္းေခၚၿပီးမွ စစ္အေျခခံေက်ာင္းကို ပို႔တာရွိတယ္။”ဟု ၎ကေျပာသည္။
၎သည္ ေဖေဖာ္ဝါရီလအတြင္း ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္(မႏၲေလး)ထံသို႔ MA-11 (1)လက္ ၊ က်ည္ေဘာက္ (၇)ေဘာက္၊ က်ည္ (၂၅၀)ေတာင့္ႏွင့္ ဆိုင္ကယ္တစ္စီးျဖင့္ အလင္းဝင္ေရာက္လာျခင္းျဖစ္ေၾကာင္း သိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *