အားပေးရကျိုးနပ်တယ် ကျေးဇူးပါ ဝန်ကြီး ပီတာ

မြန်မာပြည်သူများ၏ အကျပ်အတည်းဒုက္ခများ လျော့ပါစေရေး အာဆီယံ အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်လိုဟု ရွေး ကောက်ပွဲနိုင်ရ Move Forward ပါတီခေါင်းဆောင်ပြောဆို

ရန်ကုန်၊ မတ် ၆ မြန်မာပြည်သူများ၏ အကျပ်အတည်းဒုက္ခများ လျော့ပါစေရေး အာဆီယံ အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်လိုဟု ရွေးကောက်ပွဲနိုင်ရ Move Forward ပါတီခေါင်းဆောင်ပီတက ယမန်နေ့ သတင်းထုတ်ပြန်ပြောဆိုလိုက်သည်။

ထိုင်းလွှတ်တော်တွင် မတ်လ ၂ ရက်နေ့နှင့် မတ်လ ၃ ရက်နေ့တို့တွင် Move Forward ပါတီက ဦးဆောင်သော မြန်မာ့အရေး ဆွေးနွေးပွဲကျင်းပပြုလုပ်ပြီးနောက် Move Forward ပါတီခေါင်းဆောင် ပီတက ထိုသို့ ထပ်မံ ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။

ထိုင်းလွှတ်တော်တွင် အပ်နှင်းထားသော အခွင့်အာဏာများအတွင်းမှ မြန်မာ့အရေးကို အနီးကပ်စောင့်ကြည့်သွားမည်ဟုကတိပြုကြောင်း၊ မြန်မာပြည်သူများ၏ ဒုက္ခများ လျော့ပါးစေရေး အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ပီတက ပြောဆိုသည်။

“ကျွန်တော်တို့အနေနဲ့ ပါလီမန်လွှတ်တော်က အပ်နှင်းထားသော အခွင့်အာဏာအတွင်းမှသည် မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်ကို အနီးကပ် ဆက်လက်စောင့်ကြည့်သွားပါမည်ဟု ထပ်လောင်းကတိပြုလိုက်ရပါတယ်။

မြန်မာပြည်သူလူထု၏ အကြပ်အတည်း ဒုက္ခများကို ကူညီလျော့ပါးစေနိုင်ရန်အတွက် ထိုင်းနိုင်ငံအနေနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ နယ်နိမိတ်ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများ၊ အခြားသက်ဆိုင်သူများတို့နှင့် လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရန်လည်း ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။

ငြိမ်းချမ်းတဲ့ ဒီမိုကရက်တစ် မြန်မာနိုင်ငံဟာ ထိုင်းနိုင်ရဲ့ အမျိုးသားအကျိုးစီးပွါးနှင့်လည်း ညီညွတ်ဆီလျော်တဲ့အတွက် ကျွန်တော်တို့ လက်ဝယ်ရှိ ဥပဒေပြုခွင့်အာဏာအားဖြင့် ထိုင်းနိုင်ငံ၏ မြန်မာအရေးနှင့်စပ်လျဉ်းသည့် မူဝါဒများကို ထိန်းညှိပံ့ပိုး ထောက်ကူပေးသွားမှာ ဖြစ်ပါတယ်” ဟု ပီတက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက Move Forward ပါတီက ဦးဆောင်သော ကျင်းပသော ထိုင်းလွှတ်တော်အတွင်းမှ မြန်မာ့အရေး ဆွေးနွေးပွဲတွင် NUG ၊ NUCC နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ အပါအဝင် စစ်အာဏာရှင် တော်လှန်ရေးအင်အားစုများ တက်ရောက်သည့်အတွက် ထိုင်းအစိုးရကို ကန့်ကွက်ကြောင်း လျှို့ဝှက်စာပေးပို့ခဲ့သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *