အုပ်ကြီးပြော စကားမှနားမထောင်တာ

စလင်းမြို့နယ်၊ တောင်ဖီလာ ကျေးရွာမှ အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မတ် ၁၀

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တောင်ဖီလာ ကျေးရွာမှ အုပ်ချုပ်ရေးမှူး ၁ ဦးကို မြို့ပြ ပြောက်ကျား တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း OAK AWE UG မြို့ပြပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၃ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်တွင် စလင်းမြို့နယ် တောင်ဖီလာကျေးရွာမှ အကြမ်းဖက် စစ်တပ်၏ သတင်းစုံစမ်း ထောက်လှမ်းပေး နေသော ကျေးရွာ အုပ်ချုပ်ရေးမှူး ညွှန့်သန်းကို မြို့ပြပြောက်ကျား တပ်ဖွဲ့များက သွားရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီး ခေါ်ဆောင်လာစဉ်တွင် အုပ်ချုပ်ရေးမှူး၏ မိသားစု ဝင်များကို စစ်တပ်ထံ သတင်းပေး မတိုင်ကြားရန် မြို့ပြပြောက်ကျား တပ်ဖွဲ့မှ သတိပေးပြောဆိုခဲ့သော်လည်း ၎င်းမိသားစုဝင်များက စစ်တပ်ထံ သတင်းပေးတိုင်ကြားခဲ့ပြီး မဟာမိတ် တပ်ဖွဲ့များနောက်ကို စစ်ကြောင်း လိုက်လာသောကြောင့် ကံကြီးရွာ အနောက်ဘက် အရောက်တွင် ညွှန့်သန်းကို မြို့ပြပြောက်ကျား တပ်ဖွဲ့များက ပစ်ခတ်တိုက်ခဲ့ရာ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။သေဆုံးသွားသော ညွှန့်သန်း၏ ရုပ်အလောင်းကို ၎င်း မိသားစုဝင်များက မတ်လ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် လာရောက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် မီးသဂြိုလ် ခဲ့ကြောင်း သိရှရသည်။

“အစက စစ်ဆေး မေးမြန်းပြီး အရေးယူဖို့ ဖမ်းဆီခဲ့တာ တောင်ဖီလာရွာက တညောင်တိုက်နယ်နဲ့ ဆယ်မိနစ်လောက်ပဲဝေးတာ ကျွန်တော်တို့ ဦးညွှန့်သန်းအိမ်ကို‌ဝင်ရောက်စဉ် ထွက်ပြေးသွားတဲ့ အမျိုးသမီး တစ်ဦးရှိတယ်။ စစ်ကြောင်းလိုက်လာတဲ့ အတွက် အခြေအနေအရ ကားပေါ်မှာပဲ ပစ်ခတ်ရှင်းလင်းခဲ့ရတယ်” ဟု OAK AWE UG မြို့ပြပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို စလေမြို့ အခြေစိုက် OAK AWE UG မြို့ပြပြောက်ကျား တပ်ဖွဲ့ဦးဆောင်၍ မဟာမိတ် အဖွဲ့များဖြစ်သော ချောက်မြို့နယ် အခြေစိုက် သခင်ဖိုးလှကြီးတပ်ဖွဲ့ နှင့် စလင်း SLN Local PDF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *