ခဝေးဝန်ကြီးမလာရဲလောက်တော့ဘူး(ရုပ်သံ)

စစ်ကောင်စီဝန်ကြီးလမ်းကြောင်း လုံခြုံရေးယူပြီးပြန်လာတဲ့ ရဲတွေ တိုက်ခိုက်ခံရပြီး ၄ ဉီးသေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

++++++++++++++++

မတ် ၁၁၊ ၂၀၂၄

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီဝန်ကြီးလမ်းကြောင်းကို လုံခြုံရေးယူပြီး ပြန်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေ မတ်လ ၁၀ ရက် မနက်အစောပိုင်းက ကြားဖြတ်တိုက်ခိုက်ခံရပြီး ရဲ ၄ ဦး သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ Taw Twin Tup Pee Local မှ ထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုကို စစ်ကိုင်း ပကဖနှင့် တောတွင်းတွတ်ပီ အဖွဲ့က အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့ တာဖြစ်ပြီး MA-13 သေနတ် ၁ လက်၊ BA-63 သေ နတ် ၁ လက်၊BA 63 သေနတ် ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၂၀၀ တောင့်နှင့် MG-1 ၁ လုံး AD VAN (အဖြူ) မော်တော်ယာဉ်တစ်စီးကို သိမ်းဆည်းရရှိမိခဲ့ပါတယ်။

++++++++++++++++
မတ် ၁၁၊ ၂၀၂၄

ပုံစာ – စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ပုံဟောင်း)။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *