ဖားဆောင်းမြေဩဇာအိတ်၂၀နဲ့အပိုလက်ဆောင်ပါရရှိ

ဖားဆောင်းမြို့နယ်ရှိ စစ်တပ်စခန်းများကို တိုက်ခိုက် သိမ်း ပိုက်မှု စစ်သား ၂၀ ခန့်သေဆုံးပြီး လက်နက် ၁၇ လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ မတ် ၁၁

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ ဖားဆောင်းလမ်းခွနှင့် စေတီကုန်း၌ တပ်စွဲထားသော စစ်တပ် စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ် သား ၂၀ ခန့်သေဆုံးပြီး လက်နက် ၁၇ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – KPLA တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၉ ရက်နေ့ ဖားဆောင်းမြို့နယ်၊ သံလွင်မြစ်အနောက်ဘက်ကမ်းရှိ စစ်ကောင်စီတပ်သား များထိန်းချုပ်ထားရာ ဖားဆောင်းလမ်းခွဲနှင့် စေတီကုန်းတံတားကို ကရင်နီတော်လှန်ရေးပူးပေါင်း တပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ခန့်သေဆုံးပြီး လက်နက် ၁၇ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။“ဖားဆောင်းမြို့ကို တိုက်ဖို့က ကရင်နီပြည်နယ်မှာရှိတဲ့ ညွန့်ပေါင်းတပ်တွေအကုန်လုံးပူးပေါင်းပြီး တော့မှ တိုက် တာဖြစ်တယ်၊ အခုကျနော်တို့က သံလွင်တံတားကိုတော့ ကျနော်တို့ရပြီ၊ သံလွင် တံတား အရှေ့နောက်ရပြီ၊ သံလွင်မြစ်အနောက်ဘက်ကမ်းမှာ သူတို့ထိန်းချုပ်ထားတဲ့ စေတီကုန်းတို့ ဆက်ပြီးတော့ တိုက်နေတယ်ပေါ့၊ အခု လက်နက်တွေလည်းရနေပြီ၊ လက်နက်တွေရတာကတော့ ဖားဆောင်းတံတားနဲ့ စေတီကုန်းမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းက ဟုတ်တယ်၊ စစ်တပ်ဘက်က လည်း ၂၀ လောက်သေတာ ဟုတ်တယ်ဗျ၊ ကျန်တာတွေဆက် တိုက်နေတယ်၊ အဲဒီလိုပဲ ကျနော်တို့က ရသလောက်တိုက်မှာပေါ့၊ ရည်ရွယ်ချက်ကတော့” ဟု ကရင်နီပြည် ပြည်သူ့လွတ်မြောက် ရေးတပ် မတော် – KPLA တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့အနေဖြင့် ဖားဆောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း လုပ်ဆောင်နေသည်မှာ လနှင့်ချီ၍ ကြာမြင့်နေပြီး အခွင့်အရေးရပါက အပြီးသတ်ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခြင်းလုပ် ဆောင်နေကြောင်း၊ ဖားဆောင်းမြို့မရဲစခန်းကို ထိန်းချုပ်ထားနိုင်သည့် သတင်းနှင့်ပတ်သက်၍ အ တည် ပြု၍မရသေးကြောင်း သိရသည်။“ဘယ်နေ့က စတိုက်တယ်လို့တော့ အတိအကျ ပြောလို့မရဘူး၊ ကျနော်တို့ဘက်က ဒရုန်းနဲ့သွား ပစ်နေ တာ၊ စနိုက်ပါနဲ့သွားပစ်နေတာတွေကတော့ လနဲ့ချီကြာပါပြီ၊ ကျနော်တို့ ရသလောက်တိုး တယ်၊ တိုးပြီးတော့ အခြေအနေကောင်းရင်တိုက်ပစ်လိုက်တယ်၊ အဲဒီလိုမျိုးစစ်နည်းဗျူဟာနဲ့ သုံးနေ တာပေါ့၊ ဖားဆောင်းမြို့မရဲစခန်းကတော့ သိမ်းပိုက်မိတဲ့ သတင်းကတော့ ကွန်ဖန်းမဖြစ်သေးပါဘူး၊ အခုလောလောဆယ်အထိ သေချာထိန်းချုပ်ထားနိုင်တဲ့အဆင့်ရှိတော့ မဟုတ်သေးပါဘူး၊” ဟု ကရင် နီ ပြည် ပြည်သူ့လွတ်မြောက် ရေးတပ် မတော် – KPLA တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *