ခဝေးတွေ ဝဋ်လည်တာမြန်လိုက်တာ ပြည်ပြေးဖြစ်သွားဘီ

ဖလူးစခန်းကို KNUကပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီ

အထိနာသွားတဲ့ စစ်အုပ်စုဝင်တွေဟာ ဖလူးစခန်းကနေ စွန့်ခွာပြီး ထိုင်းဘက်အခြမ်းထွက်ပြေးသွားတယ်လို့လဲသိရပါတယ်။

မတ်လ ၁၂

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးစခန်းကို KNUဘက်က ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီလို့ သိရပါတယ်။

မနေ့ညနေပိုင်း ၄နာရီဝန်းကျင်က ဖလူးစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်အုပ်စုဘက်က အကျအဆုံးများခဲ့ပြီး စစ်သုံ့ပန်းတွေနဲ့လက်နက်ခဲယမ်းတွေ စားနပ်ရိက္ခာတွေ အမြောက်အမြား ရရှိခဲ့တယ်လို့သိရပါတယ်။

ဒီစခန်းကို ပြင်သစ်ပညာရှင်တွေနဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ KNUရဲ့စခန်းဖြစ်ပြီး ၁၉၈၉ခုနှစ်က စစ်အုပ်စုကသိမ်းပိုက်ခဲ့ရာ အခု ၃၅နှစ်အကြာမှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

အထိနာသွားတဲ့ စစ်အုပ်စုဝင်တွေဟာ ဖလူးစခန်းကနေ စွန့်ခွာပြီး ထိုင်းဘက်အခြမ်းထွက်ပြေးသွားတယ်လို့လဲသိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *