ရင်ဆိုင်တွေ့ရင်ဖ-င်ထိုင်မေ့မယ်(ရုပ်သံ)

ဂျိုးတောင်ရွာမှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

+++++++++++++++++++++

မတ် ၁၂၊ ၂၀၂၄

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ဂျိုးတောင်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သား၊ ပျူစော ထီးပူးပေါင်းတပ်တွေနဲ့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်တွေ မတ်လ ၁၁ ရက် နံနက် ၅ နာရီ မှ ည ၆ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၁၀ ဉီးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူအများအ ပြားရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင်းပူးပေါင်း စစ်ကြောင်း ၂ ဖြစ်တဲ့ တနင်္သာရီမြို့နယ် ပကဖအဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း၂ တပ်ခွဲ ၂ ၊ ကျွန်းစုမြို့နယ်ပကဖ အဖွဲ့၊ ပုလောမြို့နယ် ပကဖ အဖွဲ့၊ တနင်္သာရီ ကာကွယ်ရေးပြောက်ကျားအဖွဲ့၊ တနင်္သာရီရိုးမအဖွဲ့ ၊ တောပုံးကြီးအဖွဲ့၊ တောင်ပံနီအဖွဲ့၊ တိုင်းပကဖ လုံခြုံရေးအဖွဲ့နဲ့ Dragon squad ဒရုန်းအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


+++++++++++++++++++++

မတ် ၁၂၊ ၂၀၂၄



Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *