Posted inKnowledge
လူအများစု အထင်မှားနေကြတဲ့ ဗိုက်ပူတာဟာ အဆီကြောင့်မဟုတ်ပါ…
လူအများစုရဲ့အထင်က ဗိုက်ပူတာဟာဝမ်းဗိုက်မှာအဆီတွေ စုပါများပြီးအဆီတွေအခေါက်တွေ ထူလာလို့ဖြစ်ရတာလို့ပဲထင်နေကြ ပါတယ်။ အဲဒါတစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး။လူတွေ သတိမထားမိကြသေးတဲ့အကြောင်းတစ်ခု ရှိနေပါသေးတယ်။အဲဒါကတော့ အူမကြီးတွေ ကြီးမားတုတ်ခိုင်လွန်း နေလို့ဗိုက်ပူထွက်နေကြရခြင်း ပဲဖြစ်ပါတယ်။ အထူးသဖြင့် အသက်ကြီးလာလို့ဗိုက်ပူထွက် လာကြရသူတွေဟာအဲဒီ့အူမကြီးတွေ တုတ်ခိုင်ကြီးမားလာလို့ဖြစ်ရတာ များပါတယ်။ အူမကြီးတွေ ဘာကြောင့် ကြီးမားတုတ်ခိုင်လာကြရတာလဲ။ဖြစ်စဉ်ကတော့အနှစ်နှစ်အလလ အစားအစာတွေကိုစားလာခဲ့ရာကနေ ဖြစ်လာရတာပါပဲ။အစာစားလိုက်တဲ့ အခါမှာ အစာဟောင်းတွေဟာအူမကြီးထဲကို ရောက်ရှိပြီး အထိုင်ချပါတယ်။ အဲဒီ အစာဟောင်းတွေဟာရှေ့ကိုမြန်မြန်တိုးပြီး မစင်အဖြစ်ခန္ဓာကိုယ်ပြင်ပကို…