မျက်နှာပေါ်မှာ အမာရွတ်တွေကြောင့် စိတ်ညစ်ရလျှင်

မျက်နှာပေါ်မှာ အမာရွတ်တွေ ရှိနေရင် စိတ်ညစ် ရပါတယ်။ ဝက်ခြံဆိုတာကတော့ အရွယ်ရောက်တဲ့ လူငယ်တိုင်း အနည်းနဲ့ အများဆိုသလို ရင်ဆိုင်ကြုံတွေ့ နေရတာပါ။ဝက်ခြံဖြစ်ပြီးလို့ ဝက်ခြံပျောက် သွားရင် အမာရွတ်ကျန် ခဲ့တတ်ပါတယ်။

ဝက်ခြံဖြစ် တဲ့အချိန်မှာ ခဏခဏ ထိတာ၊ ညစ်ပေး တာတွေကြောင့် လည်းတစ်ခုအပါ အဝင်ပါပဲ။ အကောင်းဆုံးကတော့ ဝက်ခြံဖြစ်ရင် မျက်နှာ ကိုသေချာ သစ်ပေးမယ်။ လက်ကိုလည်း သေချာဆေးမယ်။

ပြီးရင် သွားတိုက်ဆေး (သို့) ရေခဲနဲ့ ခဏ ဝက်ခြံကို အုံထား ဖိထားပေးမယ် ဆိုရင် ဝက်ခြံသက် သာပါတယ်။ အခုတော့ ဝက်ခြံကြောင့်ဖြစ် တဲ့ အမာ ရွတ်တွေ ကို ဘယ်လိုသက်သာအောင် လုပ်ရမလဲ ဆိုတာကို မျှဝေပေး သွားမယ်နော် ။

ရှားစောင်းလက်ပပ်

ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေ ကို ထိထိရောက်ရောက်ပျောက် ကင်းစေဖို့ရှားစောင်းလက်ပပ်မှာ ဗီတာမင် ဓာတ်တွေကြွယ်ဝ စွာပါဝင်ပြီး အမာရွတ်တွေကို သက်သာပျောက်ကင်းစေ ပါတယ်။ရှာားစောင်းလက်ပပ် အနှစ်ကို မျက်နှာပေါ်မှာ ပုံမှန်လိမ်းပေးရင် အမာရွတ် သက်သာပါတယ်။

အာလူး

အာလူးကို ပါးပါးလှီးပြီး မျက်နှာ တစ်ပြင်လုံးကို ကပ်ပေးပါ။ (သို့) ဝက်ခြံရှိတဲ့နေရာကို ကပ်ပေးနိုင် ပါတယ်။ ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။

သကြား

သကြား ကလည်း အမာရွတ်ပျောက် တယ်နော်။ သကြားကို သံပုယိုရည်၊ သံလွင်ဆီနည်းနည်းဆီရောလိုက်ပြီး ၁၅ မိနစ်လောက် အရင်ထားပါ။ပြီးမှ မျက်နှာပေါ်မှာလိမ်းပေးပြီး ၁၅ -မိနစ်လောက်ထားကာ ရေဆေးချလိုက်ပါ။

ပန်းသီးရှာလကာရည်

ပန်းသီးရှလကာရည် ဟာလည်း ဝက်ခြံနဲ့ အမာရွတ်တွေ ကိုသက်သာစေပါတယ်။ ပန်းသီးရှလကာရည်ကို မျက်နှာပေါ်မှ ာလိမ်းပေးလို့ရပါတယ်။

ပျားရည်

ပျားရည် ဟာလည်း သဘာဝ အတိုင်း ဝက်ခြံကို သက်သာပျောက် ကင်းစေလို့ ပျားရည်ကို မျက်နှာပေါ်လိမ်းပေးနိုင် ပါတယ်နော်။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*