တံတားပေါ်ငှက်သံလေးကသသာယာယာ(ရုပ်သံ)

တံတားပေါ်ငှက်သံလေးကသသာယာယာ(ရုပ်သံ)

စစ်ကောင်စီလုံခြုံရေးစခန်းများကို သိမ်းပိုက်ပြီး ဧရာဝတီမြစ်ကူးတံတားကို KIA ထိန်းချုပ်ထား

မေ ၇၊ ၂၀၂၄

ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဒီနေ့ မေ ၇ရက် မနက်ပိုင်းမှာ စင်းခန်းမြစ်ကူးတံတားမှာရှိတဲ့ စစ်ကောင်စီရဲ့ လုံခြုံ‌ရေးစခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီက သိရပါတယ်။

ဧရာဝတီမြစ်ကူးတံတားကို KIA နဲ့ PDF တွေက ထိန်းချုပ်ပြီးနောက်မှာ အဲ့ဒီအနီးအနားက စစ်ကောင်စီတပ်စခန်းတွေကို ထပ်မံတိုက်ခိုက်နေတယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ဗန်းမော်ဘက်ကတော့ မံစီမြို့မရဲစခန်းတွေ သိမ်းတာရှိပါတယ်။ အဲဒီမံစီနားက မံရောဘက်မှာ တည်ထားတဲ့ စကစစခန်းတစ်ခုကိုလည်း ဒီနေ့ သိမ်းလို့ရပါပြီ။ နောက် စင်းခန်း ဧရာဝတီမြစ်ကူးတံတားရဲ့ လုံခြုံရေးစခန်းတွေကိုလည်း သိမ်းပိုက်ထားတာ ရှိပါတယ်။ အခုလောလောဆယ်ကတော့ စင်ခန်း ဧရာဝတီမြစ်ကူးတံတားကတော့ ကျွန်တော်တို့ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ အခု ဆက်ပြီးမှာ အဲ့နားမှာရှိတဲ့ တပ်စခန်းကြီးတွေကို ပြန်ပြီးတော့မှ ဝင်တိုက်နေတဲ့ အခြေအနေ ဖြစ်ပါတယ်ခင်ဗျ”လို့ BurmaVJ ကို ပြောပါတယ်။

ဒါ့အပြင် KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက စင်းခန်းစခန်းအပါအဝင် ဗန်းမော် ၊မိုးမိတ် ၊ဝိုင်းမော် မြို့နယ်တွေက စစ်ကောင်စီရဲ့တပ်စခန်းတွေကို သိမ်းပိုက်ထားနိုင်ပြီးဖြစ်တယ်လို့ သိရပါတယ်။

ဗန်းမော်မြို့နယ်ရှိ စင်းခန်းရွာဟာ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းမှာတည်ရှိကာ ဧရာဝတီ မြစ်ကူးတံတားထိပ်နားကရွာဖြစ်ပါတယ်။

မတ်လ ၇ ရက်နေ့ကစတင်ခဲ့တဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်း လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ ဆင်ဘိုနဲ့ ဆွမ်ပရာဘွမ်မြို့အပါအဝင် စစ်ကောင်စီတပ်စခန်းပေါင်း ၈၀ ကျော်ကို KIA က သိမ်းပိုက်ထားနိုင်ပြီးဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဖြေကြားထားပါတယ်။

ေမ ၇၊ ၂၀၂၄
ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ KIA က ဒီေန႔ ေမ ၇ရက္ မနက္ပိုင္းမွာ စင္းခန္းျမစ္ကူးတံတားမွာရွိတဲ့ စစ္ေကာင္စီရဲ႕ လုံၿခဳံ‌ေရးစခန္းအားလုံးကို တိုက္ခိုက္သိမ္းပိုက္ႏိုင္ခဲ့ၿပီလို႔ KIA သတင္းနဲ႔ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူဆီက သိရပါတယ္။
ဧရာဝတီျမစ္ကူးတံတားကို KIA နဲ႔ PDF ေတြက ထိန္းခ်ဳပ္ၿပီးေနာက္မွာ အဲ့ဒီအနီးအနားက စစ္ေကာင္စီတပ္စခန္းေတြကို ထပ္မံတိုက္ခိုက္ေနတယ္လို႔လည္း ဗိုလ္မႉးႀကီးေနာ္ဘူက ေျပာပါတယ္။
“ဗန္းေမာ္ဘက္ကေတာ့ မံစီၿမိဳ႕မရဲစခန္းေတြ သိမ္းတာရွိပါတယ္။ အဲဒီမံစီနားက မံေရာဘက္မွာ တည္ထားတဲ့ စကစစခန္းတစ္ခုကိုလည္း ဒီေန႔ သိမ္းလို႔ရပါၿပီ။ ေနာက္ စင္းခန္း ဧရာဝတီျမစ္ကူးတံတားရဲ႕ လုံၿခဳံေရးစခန္းေတြကိုလည္း သိမ္းပိုက္ထားတာ ရွိပါတယ္။ အခုေလာေလာဆယ္ကေတာ့ စင္ခန္း ဧရာဝတီျမစ္ကူးတံတားကေတာ့ ကြၽန္ေတာ္တို႔ ထိန္းခ်ဳပ္ထားတာ ျဖစ္ပါတယ္။ အခု ဆက္ၿပီးမွာ အဲ့နားမွာရွိတဲ့ တပ္စခန္းႀကီးေတြကို ျပန္ၿပီးေတာ့မွ ဝင္တိုက္ေနတဲ့ အေျခအေန ျဖစ္ပါတယ္ခင္ဗ်”လို႔ BurmaVJ ကို ေျပာပါတယ္။
ဒါ့အျပင္ KIA ဦးေဆာင္တဲ့ ေတာ္လွန္ေရးတပ္ဖြဲ႕ေတြက စင္းခန္းစခန္းအပါအဝင္ ဗန္းေမာ္ ၊မိုးမိတ္ ၊ဝိုင္းေမာ္ ၿမိဳ႕နယ္ေတြက စစ္ေကာင္စီရဲ႕တပ္စခန္းေတြကို သိမ္းပိုက္ထားႏိုင္ၿပီးျဖစ္တယ္လို႔ သိရပါတယ္။
ဗန္းေမာ္ၿမိဳ႕နယ္ရွိ စင္းခန္း႐ြာဟာ ဧရာဝတီျမစ္ အေရွ႕ဘက္ကမ္းမွာတည္ရွိကာ ဧရာဝတီ ျမစ္ကူးတံတားထိပ္နားက႐ြာျဖစ္ပါတယ္။
မတ္လ ၇ ရက္ေန႔ကစတင္ခဲ့တဲ့ ကခ်င္ျပည္နယ္က တိုက္ပြဲေတြအတြင္း လြယ္ဂ်ယ္၊ ေဒါ့ဖုန္းယန္၊ ဆင္ဘိုနဲ႔ ဆြမ္ပရာဘြမ္ၿမိဳ႕အပါအဝင္ စစ္ေကာင္စီတပ္စခန္းေပါင္း ၈၀ ေက်ာ္ကို KIA က သိမ္းပိုက္ထားႏိုင္ၿပီးျဖစ္တယ္လို႔ ဗိုလ္မႉးႀကီးေနာ္ဘူက ေျဖၾကားထားပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *