လေဘဲတွေကိုမချီးကျုးပဲ မနေနိုင်တောဘူး

မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီလေကြောင်းက မိမိတပ်ရင်းစခန်းကို ဗုံးပြန်ကြဲ

မေလ ၇ ရက်

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်နီပြည်နယ်နဲ့ ထိစပ်နေတဲ့ မိုးဗြဲမြို့နယ် အခြေစိုက် စစ်ကောင်စီ အမှတ် ၄၂၂ ခြေမြန်တပ်ရင်းစခန်းနဲ့ ကာကင်းစခန်းတွေကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ချိန် စစ်ကောင်စီ လေကြောင်းက ခမရ ၄၂၂ တပ်ရင်းစခန်းထဲထိ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများလွတ်မြောက်ရေးတပ် (KNDF) က မေလ ၆ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

မိုးဗြဲအခြေစိုက် စစ်ကောင်စီ ခမရ ၄၂၂ တပ်စခန်းနဲ့ ခြေကုပ်စခန်းတွေကို ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ကစတင်ပြီး ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဧပြီ တစ်လလုံး နှစ်ဖက် ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ ခမရ ၄၂၂ တပ်ရင်းစခန်းထဲထိ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှု ပြန်လည်လုပ်ဆောင်ခဲ့တာဖြစ်ပြီး လွိုင်ကော်၊ ဒီမော့ဆို၊ ဖယ်ခုံမြို့နယ်တို့မှာရှိတဲ့ စစ်ကောင်စီအခြေစိုက်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူတိုက်ခိုက်ခဲ့သလို စစ်ကောင်စီက လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် မိုးဗြဲမြို့ကို ဖယ်ခုံကနေ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကရင်နီတော်လှန်ရေးတပ်တို့ ဖယ်ခုံ-မိုးဗြဲကားလမ်းမတစ်လျှောက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သလို ဖယ်ခုံမြို့နယ်နဲ့ ဆောင်းပြောင်းကျေးရွာတို့မှာလည်း ထိတွေ့တိုက်ပွဲတွေ ရှိခဲ့ပါတယ်။

“မိုးဗြဲတိုက်ပွဲအခြေအနေကတော့ အခု ငြိမ်သွားပါပြီ။ ဧပြီလကုန်ပိုင်းလောက်ကတည်းက တိုက်ပွဲတွေ ငြိမ်သွားတာဖြစ်ပါတယ်။ မိုးဗြဲ၊ လွိုင်ကော်အတွင်းမှာ စစ်ကောင်စီ ထိခိုက်သေဆုံးတာကိုတော့ ကျွန်တော်တို့ အတိအကျ မသိနိုင်ပါဘူး။ ဆိုတော့ ကျဆုံးမှုတွေ ရှိနိုင်တယ်။ ၄၀ ၊ ၅၀ ဝန်းကျင်ကြားမှာတော့ ရှိနိုင်ပါတယ်” လို့ KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံတစ်ဦးက ဒီနေ့ မတ် ၇ ရက်မှာ Burma VJ ကို ပြောကြားပါတယ်။

ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေက လွိုင်ကော်မြို့နေရာအတော်များများကို ထိန်းချုပ်ထားချိန် စစ်ကောင်စီက နေရာအချို့ကို ပြန်ရယူဖို့ ကြိုးစားမှုတွေရှိနေပေမဲ့ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေရဲ့ တန်ပြန်တိုက်ခိုက်မှုတွေကြောင့် ထိန်းချုပ်ထားတဲ့နေရာတွေကို လက်လွှတ်ဆုံးရှုံးခဲ့ခြင်း မရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွိုင်ကော်မြို့တွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားမှု နည်းခဲ့ပေမဲ့ စစ်ကောင်စီက လွိုင်ကော်မြို့ ရပ်ကွက်တွေအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ နေအိမ်မီးရှို့တာ၊ ဒရုန်း၊ လေယာဉ်တွေနဲ့ မီးလောင်ဗုံးကြဲချတာတွေကို လုပ်ဆောင်မှုတွေ ရှိနေတယ်လို့လည်း KNDF က ဖော်ပြထားပါတယ်။

မိုးၿဗဲတိုက္ပြဲအတြင္း စစ္ေကာင္စီေလေၾကာင္းက မိမိတပ္ရင္းစခန္းကို ဗုံးျပန္ႀကဲ
ေမလ ၇ ရက္
ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ ကရင္နီျပည္နယ္နဲ႔ ထိစပ္ေနတဲ့ မိုးၿဗဲၿမိဳ႕နယ္ အေျခစိုက္ စစ္ေကာင္စီ အမွတ္ ၄၂၂ ေျချမန္တပ္ရင္းစခန္းနဲ႔ ကာကင္းစခန္းေတြကို ကရင္နီေတာ္လွန္ေရးပူးေပါင္းတပ္ေတြက ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ခ်ိန္ စစ္ေကာင္စီ ေလေၾကာင္းက ခမရ ၄၂၂ တပ္ရင္းစခန္းထဲထိ ဗုံးႀကဲတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ ကရင္နီအမ်ိဳးသားမ်ားလြတ္ေျမာက္ေရးတပ္ (KNDF) က ေမလ ၆ ရက္ ညပိုင္းမွာ ထုတ္ျပန္ပါတယ္။
မိုးၿဗဲအေျခစိုက္ စစ္ေကာင္စီ ခမရ ၄၂၂ တပ္စခန္းနဲ႔ ေျခကုပ္စခန္းေတြကို ၿပီးခဲ့တဲ့ ဧၿပီလ ၃ ရက္ေန႔ကစတင္ၿပီး ကရင္နီေတာ္လွန္ေရးပူးေပါင္းတပ္မ်ားက ထိုးစစ္ဆင္တိုက္ခိုက္ခဲ့တာျဖစ္ၿပီး ဧၿပီ တစ္လလုံး ႏွစ္ဖက္ ထိေတြ႕တိုက္ပြဲျပင္းထန္ခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ႏွစ္ဖက္တိုက္ပြဲ ျပင္းထန္ေနတဲ့ ခမရ ၄၂၂ တပ္ရင္းစခန္းထဲထိ စစ္ေကာင္စီ ေလေၾကာင္းက ဗုံးႀကဲတိုက္ခိုက္မႈ ျပန္လည္လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး လြိဳင္ေကာ္၊ ဒီေမာ့ဆို၊ ဖယ္ခုံၿမိဳ႕နယ္တို႔မွာရွိတဲ့ စစ္ေကာင္စီအေျခစိုက္စခန္းေတြကေန လက္နက္ႀကီးေတြနဲ႔ ပစ္ကူတိုက္ခိုက္ခဲ့သလို စစ္ေကာင္စီက ေလေၾကာင္းကေနလည္း ဗုံးႀကဲတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့ပါတယ္။
ဒါ့အျပင္ မိုးၿဗဲၿမိဳ႕ကို ဖယ္ခုံကေန စစ္ကူလာတဲ့ စစ္ေကာင္စီစစ္ေၾကာင္းနဲ႔ ကရင္နီေတာ္လွန္ေရးတပ္တို႔ ဖယ္ခုံ-မိုးၿဗဲကားလမ္းမတစ္ေလွ်ာက္ ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့သလို ဖယ္ခုံၿမိဳ႕နယ္နဲ႔ ေဆာင္းေျပာင္းေက်း႐ြာတို႔မွာလည္း ထိေတြ႕တိုက္ပြဲေတြ ရွိခဲ့ပါတယ္။
“မိုးၿဗဲတိုက္ပြဲအေျခအေနကေတာ့ အခု ၿငိမ္သြားပါၿပီ။ ဧၿပီလကုန္ပိုင္းေလာက္ကတည္းက တိုက္ပြဲေတြ ၿငိမ္သြားတာျဖစ္ပါတယ္။ မိုးၿဗဲ၊ လြိဳင္ေကာ္အတြင္းမွာ စစ္ေကာင္စီ ထိခိုက္ေသဆုံးတာကိုေတာ့ ကြၽန္ေတာ္တို႔ အတိအက် မသိႏိုင္ပါဘူး။ ဆိုေတာ့ က်ဆုံးမႈေတြ ရွိႏိုင္တယ္။ ၄၀ ၊ ၅၀ ဝန္းက်င္ၾကားမွာေတာ့ ရွိႏိုင္ပါတယ္” လို႔ KNDF သတင္းႏွင့္ ျပန္ၾကားေရးတာဝန္ခံတစ္ဦးက ဒီေန႔ မတ္ ၇ ရက္မွာ Burma VJ ကို ေျပာၾကားပါတယ္။
ကရင္နီေတာ္လွန္ေရး ပူးေပါင္းတပ္ေတြက လြိဳင္ေကာ္ၿမိဳ႕ေနရာအေတာ္မ်ားမ်ားကို ထိန္းခ်ဳပ္ထားခ်ိန္ စစ္ေကာင္စီက ေနရာအခ်ိဳ႕ကို ျပန္ရယူဖို႔ ႀကိဳးစားမႈေတြရွိေနေပမဲ့ ကရင္နီေတာ္လွန္ေရး ပူးေပါင္းတပ္ေတြရဲ႕ တန္ျပန္တိုက္ခိုက္မႈေတြေၾကာင့္ ထိန္းခ်ဳပ္ထားတဲ့ေနရာေတြကို လက္လႊတ္ဆုံးရႈံးခဲ့ျခင္း မရွိဘူးလို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
လြိဳင္ေကာ္ၿမိဳ႕တြင္း ထိေတြ႕တိုက္ပြဲျဖစ္ပြားမႈ နည္းခဲ့ေပမဲ့ စစ္ေကာင္စီက လြိဳင္ေကာ္ၿမိဳ႕ ရပ္ကြက္ေတြအတြင္းကို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာ ေနအိမ္မီးရႈိ႕တာ၊ ဒ႐ုန္း၊ ေလယာဥ္ေတြနဲ႔ မီးေလာင္ဗုံးႀကဲခ်တာေတြကို လုပ္ေဆာင္မႈေတြ ရွိေနတယ္လို႔လည္း KNDF က ေဖာ္ျပထားပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*