အမြင်မှန်ရလို့ အလင်းဝင်ကုန်ကြပီ

ကွမ်းလုံမြို့ရှိ စစ်ကောင်စီတပ်၏ နောက်ဆုံး ဗျူဟာစစ်စခန်းကို သိမ်းပိုက်ရရှိပြီး ကွမ်လုံ ပြည်သူ့စစ်များလည်း MNDAA ထံ လက်နက်ချ အလင်းဝင်၊ တပ်ရင်းတစ်ရင်းလုံး အလင်းဝင်သော ခလရ ၁၄၃ ထံမှ သိမ်းဆည်းရရှိသည့်လက်နက်နှင့်ရိက္ခာများ များပြား

ရန်ကုန်၊ နိုဝင်ဘာလ ၁

ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်တွင် နောက်ဆုံး စစ်ကောင်စီ၏ စခန်းဖြစ်သော ကွမ်းလုံ ဗျူဟာစစ်စခန်းကို ယနေ့ မွန်းတည့်အချိန်တွင် သိမ်းယူနိုင်ပြီဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်တပ်များ၏ ရှေ့တန်းသတင်းရင်းမြစ်တချို့က အတည်ပြု ပြောဆိုသည်။

ကွမ်းလုံမြို့ ဗျူဟာစစ်စခန်းကို ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ဝင်ရောက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကွမ်လုံမြို့နယ်၊ ဟေးဟယ် ကျေးရွာအုပ်စုမှ ပြည်သူ့စစ်များက ကိုးကန့် MNDAA ထံသို့ လက်နက်ချ အလင်းဝင်လာကြောင်း၊ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကွမ်းလုံမြို့နယ်၏တောင်ပိုင်းရှိ ကာမိုင်းဒေသ တွင် အခြေချတပ်ထိုင်သော (ရမခ) လက် အောက်ခံတပ်ရင်း ခလရ ၁၄၃ မှ စစ်သား ၄၁ ဦးသည် ညီ‌နောင်မဟာမိတ် ၃ဖွဲ့ ထံသို့ လက်နက်ချပြီး အလင်းဝင်လာခဲ့ကြောင်း၊ စစ်သား ၄၁ ဦး အနက် ဒုတိယ တပ်ရင်းမှူး ၁ ဦး နှင့် တပ်ခွဲမှူး ၂ ဦးပါဝင်ကြောင်း၊ အလင်းဝင်လာသော ခလရ ၁၄၃ ထံမှ လက်နက်ခဲယမ်းအမြောက်အမြားသိမ်းဆည်းရရှိကြောင်း သိရှိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*