လောက်ကိုင်မှာ ပုဇင်းတစ်ကောင်ကင်ပီး

စစ်ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့ဟုဆို

CJ Platform

ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးအတွင်း လောက်ကိုင်မြို့ တောင်ပိုင်းရှိ တောင်ကုန်းတစ်နေရာမှာ ညီနောင်မဟာမိတ်အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် စစ်တပ် ရဟတ်ယာဉ်တစ်စီး ဒီကနေ့မှာ ပြတ်ကျသွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံတစ်ဦးဆီက သိရပါတယ်။

သူက ရဟတ်ယာဉ် လက်နက်ထိမှန်ခဲ့တာနဲ့ ပြတ်ကျသွားခဲ့တာကို ဓာတ်ပုံမှတ်တမ်းလည်း ရိုက်ယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ကိုးကန့်တပ် MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဒီသတင်းကို အတည်ပြုမပေးပါဘူး။

“အတည်မပြုနိုင်သေးပါဘူး” လို့ MNDAA ပြောခွင့်ရသူက CJ Platform ရဲ့ မေးမြန်းမှုကို ပြန်​ဖြေခဲ့ပါတယ်။

ဒီသတင်းအတိအကျကို ဘယ်အဖွဲ့ကမှ ထုတ်ပြန်လာကြခြင်းမရှိသေးသလို CJ Platform သတင်းဌာနမှလည်း စုံစမ်းနေဆဲဖြစ်ပါတယ်။

ဒီနေ့မနက်က စတင်ပြီး လောက်ကိုင်မြို့ကို မနေ့ ညနေပိုင်းကတည်းက ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် အဆက်အသွယ်ပြတ်နေသလို ယင်းမြို့ပြင်တစ်ဝိုက်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *