သူတို့ပြန် ပြေးရမယ့်အလှည့်ရောက်ပြီ

ကောလင်းမြို့ ကို ​တော်လှန်​ရေးအဖွဲ့များသိမ်းလိုက်ပြီးနောက် စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များပြာယာခပ်နေ

သရဖူ/People’s Spring

ကောလင်းမြို့ကို PDF များနှင့် မဟာမိတ်တပ်များက သိမ်း

ပိုက်နိုင်ပြီးနောက် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်များ ထိတ်လန့်ပြီး ပြာယာခပ်နေနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများကပြောသည်။

“ကောလင်းသတင်းကြားပြီးတော့ ကသာ ခမရ ၃၀၉ ထဲ လန့်နေကြတယ်။ ဗုံးခိုကျင်းတွေ ထတူးနေကြတယ်” ဟု ကသာမြို့မှ ဒေသခံတစ်ဦးကပြောသည်။

အလားတူ ကောလင်းမြို့နှင့် ထိစပ်နေသော ဝန်းသိုမြို့တွင်လည်း စစ်ကောင်စီတပ်စခန်းများအတွင်း ပုံမှန်အခြေအနေမဟုတ်ဘဲ ရှုပ်ထွေးနေကြောင်း မြို့ခံများကပြောသည်။

“သူတို့ ဟိုပြေးရမလိုလို ဒီပြေးရမလိုလို ဖြစ်နေပြီ။ အခုက သူတို့ပြန် ပြေးရမယ့်အလှည့်ရောက်ပြီ။ လက်နက်ချအလင်း

ဝင်မယ်လို့လည်း ကြားနေရတယ်” ဟုဝန်းသိုမြို့ခံတစ်ဦးကပြောသည်။

ထီးချိုင်မြို့တွင်လည်း အထွေထွေအုပ်ချုပ်ရေးရုံးကို ယနေ့ နံနက်တွင် ပိတ်လိုက်ပြီး ဝန်ထမ်းများအားလုံးသည် စစ်တပ်တပ်စွဲထားသည့် မြသိန်းတန်တောင်ပေါ်သို့ သွားရောက်တိမ်းရှောင်နေကြကြောင်း​ဒေသခံအချို့က​ပြောသည်။

ပုလဲမြို့နယ်တွင် ကာလရှည်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့နံနက်တွင် နောက်‌​ကြောင်း

ပြန်ခေါက်လာပြီး မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်

ဌာနချုပ် (နမခ)သို့ ဦးတည်နေကြောင်း သိရသည်။

” ဒီကောင်တွေလမ်းပျောက်နေပြီ။ သူတို့ ခံရတော့မှာသေ

ချာတော့ကြောက်နေကြတာ”ဟု ယင်းမာပင်မြို့ခံတစ်ဦးကပြောသည်။

ကောလင်းမြို့မှရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးရုံး၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နိုဝင်ဘာလ ၃ရက်မှစတင်၍ တိုက်ခိုက်ခဲ့ပြီးယ​နေ့(နိုဝင်

ဘာလ ၆ရက် )နံနက် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာရရှိခဲ့​ကြောင်းအမျိုးသား ညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

(​ကောလင်းမြို့ ခရိုင်​ထွေအုပ်ရုံးတွင် ပြည်သူ့​တော်လှန်​ရေးအလံလွှင်တင်ထားစဥ်/ စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-NUG-MOD)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *