နွားထိုးကြီးမှာလည်း ဝုန်းတိုင်းကြဲ(ရုပ်သံ)

နွားထိုးကြီး အောင်ချမ်းသာကျေးရွာအနီးမှာ စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချ (ရုပ်/သံ)

++++++++++++++++++

နိုဝင်ဘာ ၆ ရက်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် နွားထိုးကြီး-မြိုသာလမ်းပိုင်း အောင်ချမ်းသာကျေးရွာအနီးမှာ လမ်းသွားပြည်သူများကို စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သား ၁၅ ဉီးခန့်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်-၄တပ်ရင်းမှ သတင်းရရှိပါတယ်။

နိုဝင်ဘာ ၂ ရက် နေ့လယ် ၁ နာရီဝန်းကျင်ခန့်က အောင်ချမ်းသာကျေးရွာအနီးမှာ လမ်းသွားပြည် သူတွေကို စစ်ဆေးရေးလုပ်နေတဲ့ အင်အား ၁၅ ဉီးခန့်ရှိ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဉီး သေဆုံးပြီး ဒဏ်ရာရရှိသွားသူတွေကို ဆေးရုံပို့ကုသနေ စဉ် ဗိုလ် ၁ ဉီး ထပ်မံသေဆုံးပြီး စုစုပေါင်း ၃ ဉီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယင်းနေ့ ညနေ ၃ နာရီဝန်းကျင်ခန့်ကလည်း နွားထိုးကြီးမြို့နယ် ငှက်ပျောအိုင်ကျေးရွာ အတွင်း ယာယီတပ်စွဲထားတဲ့ အင်အား ၃၀ ခန့်ရှိအကြမ်းဖက်စစ်သားတွေကို ဝေဟင်မှာ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

(2.11.2023)ရက် နေ့လည်1နာရီ၀န်းကျင်၌ နွားထိုးကြီး-မြိုသာလမ်းပိုင်း အောင်ချမ်းသာ ကျေးရွာ အနီးတွင် စစ်ဆေးရေးလုပ်နေသည့် စခ အင်အား (၁၅)ကောင်ခန့်အား ကျွန်ုပ်တို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ်-(၄)တပ်ရင်းမှ Droneဖြင့်ဝေဟင်မှ ဗုံးသီး (၁)လုံးကျဲချ တိုက်ခိုက်ခဲ့ရာနေရာတွင် (၂)ကောင်ပွဲချင်းပီးသေဆုံးခဲ့ပီး ဆေးရုံအရောက်တွင် ဗိုလ်(၁)ကောင် အပါ၀င်(၃)ကောင် ထပ်မံ၍သေဆုံးခဲ့သည်။ထို့အတူ ညနေ (၃)နာရီ၀န်းကျင်ခန့်တွင် နွားထိုးကြီးမြို့နယ် ငှက်ပျောအိုင် ကျေးရွာအတွင်း ယာယီ တပ်စွဲထားသည့် အင်အား (၃၀)ခန့်အား ဝေဟင်မှ ဗုံးသီး (၁)လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ထိခိုက်‌ေသဆံုးမူ့ ကိုတော့ စုံစမ်းဆဲဖစ်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *