ခလေးအကွက်တွေနဲ့ ဒို့ခလေးတွေနည်းပညာကျောင်းသားများတယ်

ဂန်ဂေါမြို့နယ် တောင်ခင်ရန်း ရဲစခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မြေမြှုပ်မိုင်းများ ထောင်ကာ စွန့်ခွာထွက်ပြေးသွား…

++++++++++++++++

နိုဝင်ဘာ ၆

မကွေးတိုင်း၊ ဂန်ဂေါမြို့နယ်က တောင်ခင်ရန်းရဲစခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မြေမြှုပ်မိုင်းများ ထောင်ကာ စွန့်ခွာထွက်ပြေးသွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်ရှင်းလင်းနေတယ်လို့ ABSDF စစ်ကြောင်း ၃ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

တောင်ခင်ရန်း ရဲစခန်းက စစ်သားနဲ့ ရဲတွေဟာ နိုဝင်ဘာ ၄ ရက်နေ့က စခန်းကို မြေမြှုပ်မိုင်းများထောင်ကာ စွန့်ခွာထွက်ပြေးသွားကြတာဖြစ်ပြီး ABSDF အမှတ် ၁၂ တပ်ရင်းနဲ့ မဟာမိတ် PDF တပ်ရင်းများက ရဲစခန်းကို ဝင်ရောက်ရှင်းလင်းနေတယ်လို့ သိရပါတယ်။

မြေမြှုပ်မိုင်းများကိုလည်း ABSDF ရဲ့ မိုင်းကျွမ်းကျင်သူ ရဲဘော်များက မဟာမိတ်များနဲ့ ပူးပေါင်းကာ မိုင်းများ ရှင်းလင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

တောင်ခင်ရန်းရဲစခန်း ကို ABSDF နဲ့ ဂန့်ဂေါခရိုင် PDF တပ်ရင်း (၁) ၊ တပ်ရင်း (၁၂) ၊ တပ်ရင်း (၁၄)၊ ပ.က.ဖ များက ပြီးခဲ့တဲ့ မေလကုန်ကနေ စတင်လို့ အနီးကပ် (မီတာ ၂၀၀ ကျော်အတွင်း ) ဝိုင်းဝန်းပိတ်ဆို့ထားနိုင်ခဲ့သလို နိုဝင်ဘာလ ၁ ရက်နေ့နဲ့ နိုဝင်ဘာလ ၂ ရက်နေ့ညကလည်း အနီးကပ်တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ အများအပြား ထိခိုက်ခဲ့တယ်လို့လည်း သိရပါတယ် ။

ဓာတ်ပုံ – တောင်းခင်ရန်း ရဲစခန်းအတွင်း စစ်ကောင်စီတပ် ထောင်ခဲ့တဲ့ မိုင်းများအားရှင်းလင်းပေးနေတဲ့ ABSDF ရဲဘော်များနဲ့ ရဲဘော်များကို သွားရောက်အားပေးတဲ့ ABSDF အမှတ်(၃) စစ်ကြောင်း ၊ စစ်ကြောင်းမှူး ရဲဘော်မင်းဌေးတို့ရဲ့ ပုံရိပ်များ

Be the first to comment

Leave a Reply

Your email address will not be published.


*