ပရိတ်ရွတ်ဖို့ပဲမညွှန်ကြားနဲ့ သရဏဂုဏ်ပါကြိုတင်ဖို့ညွှန်ကြားရမှာ

နိုင်ငံတစ်ဝန်း စစ်သားများ သေဆုံးမှုများနေသဖြင့် တပ်ရင်းတပ်ဖွဲ့အားလုံးတွင် မဟာ သမယသုတ် နှင့် ပရိတ်ကြီး ၁၁ သုတ်ကို ၉ ရက် ရွတ်ဖတ်ခိုင်း

■ ကျောက်ကျော ၃ တုံး၊ ဘရာကြော် ၃ ခုနှင့် မုန့်လုံးရေပေါ် ၃ လုံးစီထည့်ထားသော ပန်းကန် ၁၀၈ ချပ်ကို ကပ်လှူပူဇော်ပြီးမှ ရွတ်ဖတ်ရန် ညွှန်ကြား

ရန်ကုန်၊ နိုဝင်ဘာ ၈

နိုင်ငံတစ်ဝန်းရှိ ရှေ့တန်း စစ်မျက်နှာပြင်များတွင် စစ်သားများ သေဆုံးမှုများပြားနေသဖြင့် တပ်ရင်းတပ်ဖွဲ့များအားလုံးတွင် မဟာသမယသုတ်နှင့်ပရိတ်ကြီး ၁၁ သုတ်ကို ယတြာချေ၍ ရွတ်ဖတ်ခိုင်းသည့် အမိန့် ညွှန်ကြားချက်ကို စစ်ကောင်စီက ထုတ်ပြန်သည်။

နိုဝင်ဘာလ ၈ ရက်နေ့မှ နိုဝင်ဘာလ ၁၆ ရက်နေ့ အထိ ၉ ရက်တာ နေ့စဉ် နံနက် ၉ နာရီအချိန် မဟာသမယသုတ်နှင့် ပရိတ်ကြီး ၁၁ သုတ်ကို တပ်ရင်းတပ်ဖွဲ့များအာားလုံးတွင် ရွတ်ဖတ် ရမည်ဖြစ်ကြောင်း၊ ရွတ်ဖတ်မည့် ရဲမေများသည် ယောဂီ ဝတ်စုံကို ဝတ်ဆင်၍ ၉ ပါး သီလ ခံယူ၍ ရွတ်ဖတ် ပူဇော်သွားရမည်ဖြစ်ကြောင်း သိရှိရသည်။

မဟာသမယသုတ်နှင့် ပရိတ်ကြီး ၁၁ သုတ်ကို ရွတ်ဖတ်ခြင်း မပြုမီ ဘုရားကျောင်းဆောင်ရှေ့တွင် ကျောက်ကျော ၃ တုံး၊ ဘရာကြော် ၃ ခုနှင့် မုန့်လုံး ရေပေါ် ၃ လုံး စီထည့်ထားသော ပန်းကန် ၁၀၈ ချပ်ကို ဦးစွာ ကပ်လှူပူဇော်ရမည်ဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ ညွှန်ကြားချက် ယတြာများကို မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ပြီး ထိုသို့ မပျက်မကွက် လုပ်ဆောင်ရန်ကို တပ်နယ်မှူးများက ကြီးကြပ်ရမည်ဖြစ်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *