တတိယမြောက်မြို့ ပင်လည်ဘူး save ထားပြီ

ကောလင်းနှင့် ခမ်းပါတ် အပြင် တတိယမြောက် မြို့သိမ်းတိုက်ပွဲအဖြစ် ပင်လည်ဘူးမြို့ကို ထပ်မံရရှိ

ဧရာ၀တီတိုင်းမ်

နို၀င်ဘာလ ၈ ရက်

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို တော်လှန်းရေးပူး ပေါင်းတပ်ဖွဲ့များဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) အဖွဲ့များက ယမန်နေ့ နို၀င်ဘာ ၇ ရက်နေ့တွင် သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ စစ်ကိုင်းတိုင်းနှင့်မကွေး တိုင်းအတွင်းရှိ စစ်ကောင်စီတပ် ၊ ရဲကင်းစခန်းများကို ဒေသကာကွယ်ရေးအဖွဲ့များက တပြိုင်နက်တိုက်ခိုက်ခဲ့ကြရာ ‌ပြီးခဲ့သည့်ရက်က ကောလင်းမြို့ ၊ ခမ်းပါတ်မြို့တို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ယခုအခါ တတိယမြောက်မြို့အဖြစ် ပင်လည်ဘူးကို ထိန်းချုပ် နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့ထံက သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီတပ်များသည် အဆိုပါ ပင်လည်ဘူး မြို့တွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်၍ မီးရှို့ခြင်း၊ ဒေသခံပြည်သူများ ကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်ပြီး ယခုအချိန်ထိ ပြန်လည်တည်ဆောက်ရေးများ လုပ်ဆောင်နိုင်ခြင်း မရှိသေးဘဲ မြို့၏လူဦးရေသုံးပုံတစ်ပုံသည် အခြားမြို့များတွင် စစ်ရှောင်နေ ကြရကြောင်း သိရသည်။

“ကောလင်းစစ်ရေးသတင်းကြောင့် မြို့ခံတွေကရှောင် နေကြတာ။ သူတို့စစ်တပ်နဲ့ ရဲတွေလောက်ပဲရှိတယ်။ အဲဒါကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းရ ပိုလွယ် တာထင်တယ်။ ကောလင်းဖြစ်ကတည်းက ပင်လည်ဘူးမှာ ကားအ၀င် အထွက်မရှိ တော့ဘူး။ ‌ဈေးဆိုင်တွေလည်း ပိတ်ထားကြတယ်” ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ် ကို ပြောသည်။

လက်ရှိတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) အဖွဲ့များက ပင်လည်ဘူးမြို့တွင်းသို့ ၀င်ရောက်ရှင်းလင်းမှုများ လုပ်ဆောင်နေပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုနှင့် လက်နက်ခဲ ယမ်း ရရှိမှုအခြေအနေများကို အသေးစိတ်ကိုမူ မသိရှိရသေးပေ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *