မြင်းခြံတွင် ထွေအုပ်ရုံး နှင့် စာတိုက်ရုံးတို့ကို မင်းဂွတ်သီးကျွေး(ရုပ်သံ)

မြင်းခြံတွင် ထွေအုပ်ရုံး နှင့် စာတိုက်ရုံးရှိ အာဏာသိမ်းစစ်တပ်လက်အောက်ခံများက ဒရုန်းဖြင့် တိုက်ခိုက်ခံရတာကြောင့် နှစ်ဦး ထိခိုက်ဒဏ်ရာရ (ရုပ်သံ)

နိုဝင်ဘာလ ၁၁

မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ထွေအုပ်ရုံး နှင့် စာတိုက်ရုံးရှိ အာဏာသိမ်းစစ်တပ်လက်အောက်ခံများက ဒရုန်းဖြင့် တိုက်ခိုက်ခံရတာကြောင့် နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Myingyan District Drone Strike က ယနေ့နေ့လယ်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

ပြီးခဲ့သည့်နိုဝင်ဘာလ ၉ ရက်နေ့တွင် မြင်းခြံမြို့ရှိ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် စာတိုက်ရုံးရှိ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာကြောင့် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အထက်ပါစစ်ဆင်ရေးကို Myingyan District Drone Strike အမှတ် (၁၈၄၈) တပ်ရင်း၊ Shar Htoo Waw (Team2)၊ မြင်းခြံမြိုနယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ ကျောက်ဆည်ခရိုင်တပ်ရင်း (၂)၊ မြင်းခြံခရိုင်တပ်ရင်း ( ၃-၄-၆)၊ ငါန်းဇွန်မြိုနယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ ၊ မြင်းခြံ နဂါးနီ၊ နီပြောက်ကျားတပ်ဖွဲ မိုရှေဒါယန်အဖွဲ |MHLG Wing မလိူင်ပကဖဒရုန်း |နွေဦးစစ်သည် ရေလယ်ကျွန်းဒေသစစ်ကြောင်း| ညောင်ဦးခရိုင် တပ်ရင်း၁ ပူးပေါင်းတပ်ဖွဲများမှ ဆောင်ရွက်ခဲ့ကြတာ ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*