ကျောက်မဲတွင် ရဟတ်ယာဉ်များဖြင့် အင်အားဖြည့်တင်း(ရုပ်သံ)

ကျောက်မဲတွင် စစ်ရဟတ်ယာဉ်များဖြင့် စစ်အင်အားများ တိုးချဲ့နေပြီး လက်နက်ခဲယမ်းများကိုလည်း လေကြောင်းဖြင့် ပို့ဆောင်

နိုဝင်ဘာလ ၁၁ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျေက်မဲမြို့တွင် စစ်ရဟတ်ယာဉ်များဖြင့် စစ်အင်အားများတိုးချဲ့ပြီး လက်နက်ခဲယမ်းများကိုလည်း ကြောင်းဖြင့် ပို့ဆောင်နေကြောင်း ဒေသပြည်သူများနှင့် စစ်တပ်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

လွန်ခဲ့သော ရက်ပိုင်းအတွင်း ကျောက်မဲမြို့သို့ စစ်ရဟတ်ယာဉ်များဖြင့် အကြိမ်ကြိမ် အခေါက်ခေါက်အခါခါ စစ်အင်အားဖြည့်တင်းမှုများ၊ စစ်သားများ လာရောက်ချထားပေးခြင်း၊ လက်နက်ခဲယမ်းများကို ပို့ဆောင်ခြင်းများ လုပ်ဆောင်နေကြောင်း၊ ရိက္ခများကိုလည်း စစ်ရဟတ်ယာဉ်များဖြင့် ဖြည့်တင်းနေကြောင်း၊ ယနေ့တွင်လည်း စစ်ရဟတ်ယာဉ်များ ကျောက်မဲမြို့ ကောင်းကင်ယံတွင် ပျံသန်းသွားလာလျက်ရှိကြောင်း သိရှိရသည်။

“ကျောက်မဲဘက်က တပ်ထဲကို Mi17 ရဟတ်ယာဉ်တွေ၊ Mi35 ရဟတ်ယာဉ်တွေ လာတယ်။ စစ်တပ် ၅၀၂ ၊ ၅၀၁ တပ်တွေထဲကို ဆင်းတယ်။။ ရိက္ခာလာပို့ ၊ လက်နက်ခဲယမ်းနဲ့ လူတွေ လာပို့တယ်။ အင်အားကိုတော့ တောက်လျှောက်ဖြည့်တင်းနေတယ်” ဟု ဒေသပြည်သူများက ပြောဆိုကြသည်။

ကျောက်မဲမြို့ပေါ်တွင်မူ ဌာနဆိုင်ရာရုံးများ ပိတ်ထားပြီး တပ်ရင်းတပ်ဖွဲ့များတွင် ရဲများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ သွားရောက် နေထိုင်ကြကြောင်း၊ ကျောက်မဲမြို့နယ်အနီးတွင်လည်း ရံဖန်ရံခါ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရှိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*