ကြာသပတေး သားသမီးများ အတွက် ၉ လပိုင်း တစ်လစာ ဟောစာတမ်း

ကြာသပတေး သားသမီးများ အတွက် ၉ လပိုင်း တစ်လစာ ဟောစာတမ်း

ကြာသပတေး သားသမီးများ အတွက် ၉လပိုင်း
တလစာ ဟောစာတမ်း

ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်သူများအနေနဲ့ မိမိလုပ်ငန်းနဲ့ပတ်သက်ပီး ထိခိုက်ဆုံးရှုံး သွားတာလေးတွေ ရှိတတ်ပါတယ် ပူဆွေးနေမယ့်အစားဘယ်လိုပြန်အဆင်ပြေအောင်ရုန်းကန်ရမလဲ ဆိုတာကို တွေးပီး အားသစ်မွေးပြန်လည်ကြိုးစားလုပ်ကိုင်ဆောင်ရွက်ဖို့လိုပါတယ်
လခစားဝန်ထမ်းများအနေနဲ့ လက်ရှိလုပ်ငန်းခွင်ထဲမိမိအပေါ် ပြိုင်ဆိုင်ချင်သူခေါင်းတက်နင်းချင်သူ ဖျက်လိုဖျက်ဆီးလုပ်လိုသူတွေရှိတတ်လို့ သတိထားနေထိုင်ရမယ့်ကာလပါ

အလုပ်ရှာဖွေနေသူတွေအတွက်အလုပ်ရခါနီးမှ
အဖျက်အမျိုးမျိုးဝင်ပီး အခွင့်အရေးဆုံးရှုံးရတတ်ပါတယ်
ပြည်ပထွက်ခွာဖို့ စီစဥ်နေသူများ အမှားသေးသေးလေးကအစချီပြဿနာဖြစ်ပီးနှောင့်နှေးမှုတွေကြုံရတတ်လို့ သတိထားဆောင်ရွက်ပါ

ငွေကြေးကံနဲ့ ပတ်သက်ရင် ကိုယ့်ဥစ္စာပစ္စည်းအပေါ် တက်မက်နေသူ တိုက်ခိုက်ရယူလိုသူတွေရှိတတ်လို့ သတိထားရပါမယ် ခါးပိုက်နှိုက် သို့ လုယက်သူ တွေကြောင့် ဆုံးရှုံးရတာလေးတွေရှိတတ်လို့ သတိထားနေထိုင်သွားလာသင့်တဲ့ကာလပါ

ပညာရေးကံကတော့ ကိုယ့်အပေါ် ဖျက်လိုဖျက်ဆီး လမ်းကြောင်းမှားပေါ်ဆွဲခေါ်ချင်သူတွေရှိတတ်သလို ကိုယ်တိုင်ကလဲ မကောင်းမှန်းသိသိရက် တိုးဝင်သွားတတ်လို့ သတိနဲ့ရှောင်ရှားနေထိုင်သင့်ပါတယ်

အချစ်ရေးမှာတော့ ချစ်သူရှိပီးသားသူတွေအနေနဲ့Third party ဝင်လာပီး အနှောင့်အယှက်ပြုတာကြောင့် ချစ်သူနဲ့မိမိကြားချစ်ခရီးလမ်းမဖြောင့်ဖြူးသလိုဖြစ်ရတတ်လို့သတိထားပါ

ချစ်သူမရှိသေးသူတွေ အတွက်ကတော့ ကိုယ်သဘောမကျသူရဲ့အနှောင့်အယှက်ပေးမှုကြောင့်စိတ်ရှုပ်ရတတ်ပါတယ်ချစ်သူနဲ့လမ်းခွဲထားသူတွေကတော့ အရင်ကပတ်သက်ဖူးတဲ့အဟောင်းတွေ ပြန်လာပတ်သက်ပီးကောင်းတာထက်မကောင်းတဲ့စိတ်နဲ့ပြန်လာပတ်သက်တာမို့စိတ်မယိိုင်မိအောင်ထိန်းရမယ့်ကာလပါ

အိမ်ထောင်ရေးနဲ့ပတ်သက်ရင်တော့ ကြားလူ ဘေးစကား စတာတွေကြောင့် အိမ်တွင်းရေး အငြိမ်မသက် ပူညံဆူညံ ဖြစ်ရတတ်ပါတယ် အပြင်မီးတွေ အိမ်ထဲမထည့်မိဖို့ ဆင်ခြင်သင့်တဲ့ကာလပါ

ကျန်းမာရေးကတော့ လည်ပင်း ပခုံး စတဲ့အပိုင်းလေးတွေသတိထားသင့်ပါတယ် မတော်တဆ ထိခိုက်
ဒဏ်ရာ ရတတ်ပါတယ် ရန်ပြုတိုက်ခိုက်လိုသူတွေ
ကိုလဲ သတိထားပါ

လူမှုရေး ကံလေးကတော့ မိမိရဲ့ ပိုင်ဆိုင်မှု တွေအပေါ် မနာလိုနေတဲ့ ကျားချောင်းချောင်းပီး တိုက်ခိုက်ချင်နေတဲ့ သူတွေရှိတတ်ပါတယ် အမှားသေးသေးလေးကစ ခြိမ်းခြောက်ရန်လိုသူတွေရှိတတ်တာမို့ အထူးသတိထားနေထိုင်ပါ

တလတာလုံးကံမြင့်ကံပွင့်ပီး အစစအရာရာအဆင်ပြေစေဖို့ ခြေလေးချောင်း သတ္တဝါလေးများအား ကိုယ်တိုင် ထမင်းနဲ့အသားနယ်ဖတ်ပြင်ဆင်ပီး ကျွေးမွေးပေးပါ

Viber / Telegram က မေးမယ်ဆိုရင် Phone 09-977253287 မှာ မေးလို့ရပါတယ်📱

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *