သောကြာ သားသမီးများ အတွက် ၉ လပိုင်း တစ်လစာ ဟောစာတမ်း

သောကြာ သားသမီးများ အတွက် ၉ လပိုင်း တစ်လစာ ဟောစာတမ်း

သောကြာ သားသမီးများ အတွက် ၉လပိုင်း တလစာ ဟောစာတမ်း

ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်သူများအနေနဲ့ မိမိလုပ်ငန်းနဲ့ပတ်သက်ပီး အချက်အလက်တချို့ကို
ခိုးယူသူတွေ သစ္စာမဲ့သူတွေကြောင့် ဆုံးရှုံးမှုလေးတွေရှိတတ်ပါတယ် ဘယ်သူ့ကိုမှလွယ်လွယ်မယုံဖို့ ကိုယ့်planတွေကို ချမပြဖို့ လိုအပ်ပါတယ်

လခစားဝန်ထမ်းများအနေနဲ့ လက်ရှိလုပ်ငန်းခွင်ထဲ လုပ်ဖော်ကိုင်ဖက် လို့ သတ်မှတ်ထားသူတဦးရဲ့ သစ္စာဖောက်မှုကြောင့် လစာ ရာထူး ထိခိုက်ရတာတွေရှိတတ်ပါတယ် အထူးသဖြင့် အမျိုးသမီး လုပ်ဖော်ကိုင်ဖက် ကို သတိထားပါ ကိုယ့်ကို အောက်မရောက်ရောက်အောင် ဆွဲချချင်စိတ်ရှိနေပါတယ်
အလုပ်ရှာဖွေနေသူတွေအတွက်အလုပ်သစ်တခုရဖို့ရှိသော်လဲ ပင်ပန်းခက်ခဲတဲ့ လုပ်ငန်းခွင်မျိုးဖြစ်တတ်ပီး သည်းခံလုပ်ကိုင်ရတာတွေရှိတတ်ပါတယ်
ပြည်ပထွက်ခွာဖို့ စီစဥ်နေသူများ အခက်အခဲလေးတွေကြောင့် ထင်သလောက်ခရီးမရောက်ဖြစ်တတ်ပါတယ်

ငွေကြေးကံနဲ့ ပတ်သက်ရင် ငွေအချေးအငှား ကိစ္စရပ်များနဲ့ပတ်သက်ပီး ငွေဆုံးရှုံးရတာလေးတွေရှိတတ်သလို လူလိမ်လူညာတွေကြောင့်လဲ ခက်ခဲတတ်ပါတယ် ရှာသမျှ အဖတ်မတင်ဖြစ်တတ်လို့ သတိထားရမယ့်ကာလပါ

ပညာရေးကံကတော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တာ ကိုယ့်ရည်မှန်းချက် နဲ့လွဲချော်ရတာ အချစ်ရေးကြောင့်ပညာရေးဘက် စိတ်မပါဖြစ်နေတာတွေရှိတတ်ပါတယ်

အချစ်ရေးမှာတော့ ချစ်သူရှိပီးသားသူတွေအနေနဲ့ထင်မှတ်မထားတဲ့ ဖောက်လွဲဖောက်ပြန် ကိစ္စရပ်လေးတွေပေါ်လာပီး ရူးမတတ်ခံစားရတတ်ပါတယ် စိတ်နာကြည်းစရာတွေ ဖြစ်လာပီး ကြေကွဲခံစားရတတ်ပါတယ်ချစ်သူမရှိသေးသူတွေချစ်သူနဲ့လမ်းခွဲထားသူတွေကတော့ တကိုယ်တည်းဖြတ်သန်းတာကမှ ပိုကံကောင်းနေတယ်လို့ မှတ်ယူရမှာပါ လွဲမှားတဲ့အချစ်ရေးမျိုးတွေ မဆုံသင့် မတွဲသင့်တဲ့သူကို မှငြိတွယ်တတ်လို့ သတိထားရှောင်ရှားရမယ့်ကာလပါ

အိမ်ထောင်ရေးနဲ့ပတ်သက်ရင်တော့ ကတောက်ကဆတွေ အထင်လွဲမှားမှုတွေ နဲ့ ရန်တကျက်ကျက်ဖြစ်တတ်ပါတယ် ပြဿနာတခုကို ပုံကြီးချဲ့ပြောဆို ခြင်းတွေကို ရှောင်ရှားသင့်ပါတယ်

ကျန်းမာရေးကတော့ နှလုံး အသည်း စတဲ့အပိုင်းလေးတွေသတိထားပါ အမြင့်တက်ခြင်းတွေသတိထားပါ

လူမှုရေး ကံလေးကတော့ အများနဲ့တယောက်လို ရွာပြင်ထုတ်ခံထားရတဲ့ ဆက်ဆံရေးမျိုးတွေကြောင့် စိတ်နှလုံးထိခိုက်နာကျင်ရတတ်ပါတယ် လောကဓံတခုပါပဲလေလို့မှတ်ယူနှလုံးသွင်းနေတတ်ထိုင်တတ်ဖို့ လိုတဲ့ကာလတခုပါ

တလတာလုံးကံမြင့်ကံပွင့်ပီး အစစအရာရာအဆင်ပြေစေဖို့ ဆွေမျိုးများထဲမှ သက်ကြီး အမျိုးသမီးကြီး သို့ သက်ကြီး သီလရှင်ဆရာလေးတပါးအား ငွေကျပ် ၁၅၀၀ သို့ ၁၅၀၀၀ တိတိလှူဒါန်းပီး အညံ့သောကပျောက်ပါစေလို့ဆုတောင်းပေးပါ

Viber / Telegram က မေးမယ်ဆိုရင် Phone 09-977253287 မှာ မေးလို့ရပါတယ်📱

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *