ပွဲတော့လှနေပီ ရှယ် Plan နဲ့လာပြီနော်

လွိုင်ကော် ဒကစမှူး ဗိုလ်မှူးချုပ်ကို ဖမ်းဆီးနိုင်လျှင် အနည်းဆုံး ငွေကျပ် သိန်း ၃၀၀ ဆုချီးမြှင့်မည်

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ စစ်ကောင်စီ၏ ‌ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်(ဒကစမှူး) ကို ဖမ်းဆီး နိုင်လျှင် အနည်းဆုံးငွေကျပ် ၃၀၀ ချီးမြှင့်မည်ဖြစ်ကြောင်း CDM ဆရာဝန် ဒေါက်တာကိုထူး က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ကရင်နီပြည်နယ်တွင် Operation 1111 အမည်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အချိန်တွင် လွိုင်ကော်မြို့ စစ်ကောင်စီ၏ ဒကစမှူး (ဒေသကွပ်ကဲရေးစစ်ဌာချုပ်မှူး)ကို ဖမ်းဆီးပေးနိုင်သူများကို ဆုချီးမြှင့်မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ကိုင်ပေးနေသူ ဒေါက်တာရဲဇော်နှင့် ဒေါက်တာ ကိုထူးတို့က ကြေညာခြင်းဖြစ်သည်။

အဆိုပါ ဒကစမှူးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကဖြစ်စေ၊ PDFတပ်ဖွဲ့များက ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ အသက်ရှင်လျက်သော်လည်းကောင်း ၊ ပစ်ခတ်နိုင်ခဲ့လျှင်သော်လည်းကောင်း သက်သေပြ၍ ဆုကြေးငွေတောင်းခံနိုင်ကြောင်း သိရှိရသည်။

“ကျွန်တော်ရယ် ဒေါက်တာရဲဇော်ရယ် ၂ ဦး ပေါင်းပြီးတော့ သိန်း ၃၀၀ ချီးမြှင့်မယ်ပေါ့။ ဒကစမှူးကို အသေသော်လည်းကောင်း အရှင်သော်လည်းကောင်း အသေပစ်ခတ်လာတယ် ဆိုရင်လည်း ကျွန်တော်တို့ ဓာတ်ပုံနဲ့တကွ သက်သေနဲ့တင်လာရင် စစ်ကောင်စီ တပ်သားဖြစ်စေ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေး အင်အားစုတွေဘက်ကဖြစ်စေ ကျွန်တော်တို့က ဆုချီးမြှင့်မယ်။ ဓာတ်ပုံတင်လာပြီး ကျွန်တော်တို့ဆီ record ရောက်လာပြီဆိုတာနဲ့ စစ်ဆေးပြီတာနဲ့ သေချာပြီဆိုရင် ကျွန်တော်တို့ ချက်ခြင်း ချီးမြှင့်မယ် စစ်ကောင်စီ တပ်သားတွေ အ​နေနဲ့ ပစ်လည်း ဖမ်းဆီးလာမယ် အရှင်လည်း ဖမ်းဆီးလာမယ်ဆိုရင် ကျွန်တော်တို့က သူ့မိသားစုကော သူ့အတွက်ကော ဘဝ အာမခံချက် လည်းပေးမယ့် ဆုကြေးငွေ သိန်း ၃၀၀ လည်း အနိမ့်ဆုံးပေးမယ်။ အလှူရှင်တွေ ထပ်ရလာရင် ကျွန်တော် တို့ ရသလောက်ငွေကို သိန်း ၃၀၀ ထဲ ထပ်ပေါင်းပြီးတော့ ပေးသွားမယ်” ဟု ဒေါက်တာကိုထူးက ပြောဆိုသည်။

လက်ရှိအချိန်တွင် တော်လှန်ရေးတပ်ပေါင်းစုက လွိုင်ကော်မြို့ကို သိမ်းနိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး ဒကစရှေ့ လမ်းမကြီးကို ဖြတ်သန်းလာသူမည်သူ့ကိုမဆို စစ်ကောင်စစ်တပ်က ပစ်ခတ်မည်ဟု ပြည်သူများကို ခြိမ်း ခြောက် ထားကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *