သီပေါကိုရောက်ပီဟေ့ အောင်ပွဲနီးလာပီ

သီပေါမြီု့နယ်၊ ဘော်ကြိုအနီ ကျင်တီတံတား လုံး၀ ကျိုးကျသွားပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ၊ TNLA က သီပေါရှိ တပ်စခန်း ၂ ခုကို သိမ်းထားပြီး မြို့အဝင်အထွက်များ စတင်ထိန်းချုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်း ဘော်ကြိုအနီး ကျင်တီတံတား စစ်ကောင်စီတပ်စခန်းကို တအာင်း TNLA က အပြီးသတ် သိမ်းပိုက်လိုက်ပြီးနောက် ကျင်တီတံတားမှာလည်း လုံး၀ သုံးမရအောင် ကျိုးကျသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“မနေ့ မနက်ပိုင်းက တံတားက မကျိုးဘူးဆိုပြီး သတင်းထွက်လို့ သွားကြည့်တာ။ အခုကတော့ ထက်ပိုင်းကျိုးကျသွားပြီ။ တိုက်ပွဲတွေကတော့ သီပေါမြို့အဝင်နားမှာ လက်နက်ကြီးသံတွေနဲ့ တခြိမ်းခြိမ်း ဆက်ဖြစ်နေတုန်းပဲ။ သီပေါမြို့အဝင်အထွက်ဘက်တွေမှာတော့ တိုင်းရင်းသားတပ်တွေ ထိန်းထားပြီလို့ သတင်းတွေရပါတယ်” ဟု မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

သီပေါမြို့နယ်၊ ဘော်ကြိုအနီး ကျင်တီတံတား စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ နံနက် ၅ နာရီ ၃၀ မိနစ် အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ထို့ပြင် ဘော်ကြို စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန် တအာင်းတပ်မတော် PSLF/TNLA က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ သီပေါမြို့ရှိ စစ်ကောင်စီ ခလရ-၂၃ တပ်ကုန်းမှ ယမန်နေ့ နံနက်ပိုင်း ၇ နာရီ ၃၀ မိနစ် အချိန်တွင် နာမုံကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် (၁၀)ကြိမ် ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ သီပေါမြို့နယ်၊ ဘော်ကျိုနှင့် ကျင်တီတံတားဘက်တွင် လေကြောင်းတိုက်ခိုက်မှု (၃)ကြိမ် နှင့် ကျောက်မဲအခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် (၁၄)ကြိမ် ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *