ခများတို့စခဘယ်မှာရှိလည်းဆိုတာ သတင်းတော့ပေးခဲ့ပါတယ်

ဒေသခံများ သတင်းမပေး၍ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း စစ်ကောင်စီ ဗျူဟာမှူးက ဒေသခံများကို အပြစ်တင်

ဧရာဝတီတိုင်းမ်

နိုဝင်ဘာလ ၁၃ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ ဘားဝရပ်ကွက်တွင် ကင်းစခန်းမှ ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းသည် ဒေသခံများ သတင်းမပေး၍ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ဆမီးဗျူဟာမှူးက ဒေသခံများကို အပြစ်တင်ပြောဆိုသည်။

နိုဝင်ဘာ ၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရသည့် နေရာတွင် ဆမီးဗျူဟာမှူးမှ သွားရောက်ကြည့်ရှူစဉ် ရပ်ကွက်နေ ဒေသခံများက သတင်းပေးပို့မူမရှိသည့်အတွက်ကြောင့် စစ်သားများ ခြုံခိုတိုက်ခိုက်ခံရပြီး သေဆုံးခဲ့ရသည်ဟု ဆိုသည်။

ယင်းအပြင် CNA ၊ CDF တပ်ဖွဲ့ဝင်များ ကျေးရွာ၊ ရပ်ကွက်အတွင်း ဝင်ရောက်လှုပ်ရှားမူ တွေ့ရှိလျှင် အချိန်နှင့်တပြေးညီ သတင်းပေးပို့ကြရန် ဆမီးဗျူဟာမှူးမှ မှာကြားခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ဗျူဟာမှူးက CNA၊ CDF ရောက်လာတာကို သတင်းမပေးလို့ အခုလိုတိုက်ခိုက်ခံရတာလို့ ပြောပါတယ်။ ကျွန်တော်တို့လည်း သူတို့ ရောက်လာတာကို မသိဘူးလေ။ တိုက်ပွဲဖြစ်တုန်းကဆို ကျွန်တော်တို့ တစ်ရပ်ကွက်လုံး ကြောက်လန့်နေရတယ်။ ဘယ်ကို ထွက်ပြေးရမှန်း မသိဘူး။ အကယ်လို့ CNA ရောက်လာပြီး တိုက်ပွဲဖြစ်မယ်ဆို ကျွန်တော်တို့ ကြိုရှောင်လို့ရတာပေါ့၊ အခုက ဘာမှန်းမသိဘဲ တိုက်ပွဲဖြစ်တော့ ဘာလုပ်ရမှန်းတောင် မသိဘူး”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဆမီးမြို့ဒေသခံများ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လိုအပ်သည့် ကိစ္စရပ်များတွင် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် ဒေသခံများကို စစ်ကောင်စီ ဗျူဟာမှူးက တိုက်တွန်းပြောသည်ဟု သိရသည်။

အလားတူ နိုဝင်ဘာလ ၉ ရက်နေ့က လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရသည့်နေရာ အနီးရှိ ဟီဝရွာသား လေးဦးအား ဆမီးရဲစခန်းသို့ မေးမြန်းစရာရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် ဟီးဝရွာသား လေးဦးမှာ ဦးအောင်နန်း၊ ဦးမန်းခါ၊ ဦးတက်လင်းအောင်နှင့် ဦးစိန်လှအောင်တို့ဖြစ်ပြီး ဖမ်းဆီးရသည့် နောက်တစ်ရက် နိုဝင်ဘာ ၁၀ ရက်နေ့တွင် ပြန်လွတ်ပေးခဲ့သည်ဟု သိရှိရသည်။

ဆမီးမြို့သည် ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့-ပလက်ဝတို့ စစ်ရေးလှုပ်ရှားနယ်မြေလည်း ဖြစ်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *