ချင်းအမျိုးသားအလံတော်ကို အလေးပြု လွှင့်ထူ(ရုပ်/သံ)

အိန္ဒိယ-မြန်မာ နယ်စပ် ရိဒ်ခေါဒါရ်မြို့မှ စစ်ကောင်စီအလံကို ဖြုတ်ချကာ ချင်းအမျိုးသားအလံတော်ကို အလေးပြု လွှင့်ထူ(ရုပ်/သံ)

နိုဝင်ဘာ ၁၅

ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်၊ ရိဒ်ခေါဒါရ်မြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွင် နိုဝင်ဘာလ ၁၄ ရက်နေပ စစ်ကောင်စီအလံကို ဖြုတ်ချကာ ချင်းအမျိုးသားအလံကို လွှင့်ခဲ့သည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်း၊ ချင်းပြည်နယ်၊ အိန္ဒိယမြန်မာနယ်စပ်ရှိ ရိဒ်ခေါဒါရ်မြို့ကို အထိုင်ချ တပ်စွဲထားသော စစ်တပ်၏ Tio စစ်စခန်း၊ ရိဒ်စစ်စခန်းတို့ကို သိမ်းပိုက်လိုက်ပြီးနောက် ရိဒ်ခေါဒါရ်မြို့ သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်တွင် စစ်ကောင်စီအလံကို ဖြုတ်ချပြီး ချင်းအမျိုးသားအလံတော်ကို လွှင့်ထူခဲ့ကြောင်း CNA သတင်းရင်းမြစ်က ပြောဆိုသည်။

ရိဒ်ခေါဒါရ်မြို့သည် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းခရိုင်အတွင်း ပင်လယ်ရေမျက်နှာပြင် အထက်ပေပေါင်း ၂,၅၈၀ ပေအထက်တွင် တည်ရှိပြီး ရိဒ်ခေါဒါရ်မြို့သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုပြုလုပ်ရာ အဓိကအကြီးဆုံးကုန် သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိကြောင်း၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်တို့ကြား နှစ်နိုင်ငံနယ်စပ်တွင် တည်ရှိနေသော မြို့ကလေးဖြစ်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *