ဖလမ်းမြို့ရှိ သီးဘွားလ် စစ်ကောင်စီစခန်းကို CNDF သိမ်းပိုက်
စောနွေဦး/People’s Spring
ချင်းပြည်နယ်။ဖလမ်းမြို့ရှိ သီးဘွာလ် စစ်ကောင်စီစခန်းကို ယနေ့ (နိုဝင်ဘာ ၁၅ရက်) မနက်ပိုင်းက ဖလမ်းအခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့ CNDFက သိမ်းပိုက်လိုက်ကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်များကပြောသည်။
ထိုစခန်းကို ယမန့်နေ(နိုဝင်ဘာ ၁၄) ည ၁၁နာရီခန့်က စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့မနက် ၅နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
စခန်းသိမ်းတိုက်ခိုက်စဉ် စစ်ကောင်စီတပ်သားများထွက်
ပြေးသွားပြီး လက်နက်အများအပြားသိမ်းဆည်းရကာ စစ်စခန်းကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟုသတင်းရင်းမြစ်အချို့ကပြောသည်။
“မကြာခင်မှာ အသေးစိပ်ကိုထုတ်ပြန်ပေးပါမယ်”ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
CNF/CNA ဦးဆောင်၍ ချင်းတော်လှန်ရေးတပ်ဖွဲ့များက
ဖလမ်းမြို့နယ်အတွင်းရှိ ရိဒ်ခေါဒါရ်မြို့ကိုလည်း နိုဝင်ဘာ ၁၃ ရက်တွင်တိုက်ခိုက်သိမ်းပိုက်ထားသည်။
(စစ်ကောင်စီတပ်၏ သီးဘွားလ်စခန်းကိုအပေါ်စီးမှ
တွေ့ရစဥ် နှင့်စခန်းမီးလောင်နေသည်ကိုအဝေးမှတွေ့ရစဥ်။ဓါတ်ပုံ-CNDF)