အာဆင်နယ်ကို ဒိုင်ကူလို့ ရှုံးတာလို့ ဝေဖန်ပြစ်တင်ခဲ့တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်က အာဆင်နယ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် ၃ ခုကြောင့် ရှုံးနိမ့်ခဲ့ရတာဖြစ်တယ်လို့ ညည်းတွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ တနင်္ဂနွေနေ့ညနေ အမ်းမရိတ်စ်မှာ ဒီကလန် ရိုက်နဲ့ ဂါဘရီယဲလ် ဂျေဆူးစ်တို့ရဲ့ နာကျင်အချိန်ပိုသွင်းဂိုးတွေကြောင့် ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး တန်ဟက်ရဲ့အသင်းက ၈၇ မိနစ်မှာ ဂါနာချိုရဲ့နောက်ကျအနိုင်ဂိုးနဲ့ အနိုင်ရခဲ့ပြီလို့ ထင်ခဲ့ပေမယ့် လူကျွံဘောဆိုပြီး ပယ်ဖျက်ခံခဲ့ရတာကြောင့် ဒေါသထွက်ခဲ့ရတာဖြစ်ပါတယ်။

အဲဒီမတိုင်ခင်မှာ ရာ့စ်မွတ် ဟွိုင်လွန်းကို အာဆင်နယ်နောက်ခံလူ ဂါဘရီယဲလ် မာဂါလိုင်စ်က ပင်နယ်တီဧရိယာထဲမှာ လဲကျစေခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်နည်းပြက ပင်နယ်တီ ပေးခဲ့သင့်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်

အဲဒီထက် ပိုပြီးဆိုးရွားသွားစေခဲ့တာကတော့ ဒီကလန် ရိုက်ရဲ့ နာကျင်အချိန်ပို သွင်းဂိုးဟာ မပေးသင့်ဘူးလို့ တန်ဟက်က ယုံကြည်ခဲ့ပေမယ့်လည်း ခွင့်ပြုခဲ့ရတာဖြစ်ပြီး ဂျွန်နီ အီဗန်စ်ဟာ ဘောလုံး ပင်နယ်တီဧရိယာထဲမရောက်လာခင်မှာ ဂါဘရီယဲလ်နဲ့ အပြန်အလှန် တွန်းထိုးပြီးနောက် ပြစ်ဒဏ်ကျူးလွန်ခြင်းခံခဲ့ရတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ အရမ်းကောင်းတဲ့ပွဲကို ကစားခဲ့ပေမယ့် အရာအားလုံးက ကျွန်တော်တို့နဲ့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့တယ်လို့ ထင်ပါတယ်။ နည်းနည်းလေး ပိုကံကောင်းခဲ့ရင် ကျွန်တော်တို့ အနိုင်ရခဲ့မှာပါ။ အဲဒါက လူကျွံဘောမဟုတ်ပါဘူး(ဂါနာချိုဂိုး)။ မှားယွင်းတဲ့ ရှုထောင့်ကနေ ကြည့်ခဲ့တာပါ။ ဟွိုင်လွန်းကို ပြစ်ဒဏ်ကျူးလွန်မှုကလည်း ပင်နယ်တီပါ။ ကျွန်တော်တို့ ဂိုးခွင့်ပြုခဲ့ရချိန်မှာ ဂျွန်နီ အီဗန်စ်က ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရပါတယ်။ အဲဒါက အရမ်းရှင်းပြီး သိသာပါတယ်။ ဒါပေမယ့် အဲဒါက နောက်ထပ်ခြေလှမ်းတစ်လှမ်းဖြစ်ခဲ့ပြီး ကျွန်တော် အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ပျော်ရွှင်မိပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္က အာဆင္နယ္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ဒိုင္လူႀကီးရဲ႕ ဆုံးျဖတ္ခ်က္ ၃ ခုေၾကာင့္ ရႈံးနိမ့္ခဲ့ရတာျဖစ္တယ္လို႔ ညည္းတြားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ တနဂၤေႏြေန႔ညေန အမ္းမရိတ္စ္မွာ ဒီကလန္ ႐ိုက္နဲ႔ ဂါဘရီယဲလ္ ေဂ်ဆူးစ္တို႔ရဲ႕ နာက်င္အခ်ိန္ပိုသြင္းဂိုးေတြေၾကာင့္ ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး တန္ဟက္ရဲ႕အသင္းက ၈၇ မိနစ္မွာ ဂါနာခ်ိဳရဲ႕ေနာက္က်အႏိုင္ဂိုးနဲ႔ အႏိုင္ရခဲ့ၿပီလို႔ ထင္ခဲ့ေပမယ့္ လူကြၽံေဘာဆိုၿပီး ပယ္ဖ်က္ခံခဲ့ရတာေၾကာင့္ ေဒါသထြက္ခဲ့ရတာျဖစ္ပါတယ္။

အဲဒီမတိုင္ခင္မွာ ရာ့စ္မြတ္ ဟြိဳင္လြန္းကို အာဆင္နယ္ေနာက္ခံလူ ဂါဘရီယဲလ္ မာဂါလိုင္စ္က ပင္နယ္တီဧရိယာထဲမွာ လဲက်ေစခဲ့တာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္နည္းျပက ပင္နယ္တီ ေပးခဲ့သင့္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

အဲဒီထက္ ပိုၿပီးဆိုး႐ြားသြားေစခဲ့တာကေတာ့ ဒီကလန္ ႐ိုက္ရဲ႕ နာက်င္အခ်ိန္ပို သြင္းဂိုးဟာ မေပးသင့္ဘူးလို႔ တန္ဟက္က ယုံၾကည္ခဲ့ေပမယ့္လည္း ခြင့္ျပဳခဲ့ရတာျဖစ္ၿပီး ဂြၽန္နီ အီဗန္စ္ဟာ ေဘာလုံး ပင္နယ္တီဧရိယာထဲမေရာက္လာခင္မွာ ဂါဘရီယဲလ္နဲ႔ အျပန္အလွန္ တြန္းထိုးၿပီးေနာက္ ျပစ္ဒဏ္က်ဴးလြန္ျခင္းခံခဲ့ရတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ အရမ္းေကာင္းတဲ့ပြဲကို ကစားခဲ့ေပမယ့္ အရာအားလုံးက ကြၽန္ေတာ္တို႔နဲ႔ ဆန႔္က်င္ဘက္ျဖစ္ေနခဲ့တယ္လို႔ ထင္ပါတယ္။ နည္းနည္းေလး ပိုကံေကာင္းခဲ့ရင္ ကြၽန္ေတာ္တို႔ အႏိုင္ရခဲ့မွာပါ။ အဲဒါက လူကြၽံေဘာမဟုတ္ပါဘူး(ဂါနာခ်ိဳဂိုး)။ မွားယြင္းတဲ့ ရႈေထာင့္ကေန ၾကည့္ခဲ့တာပါ။ ဟြိဳင္လြန္းကို ျပစ္ဒဏ္က်ဴးလြန္မႈကလည္း ပင္နယ္တီပါ။ ကြၽန္ေတာ္တို႔ ဂိုးခြင့္ျပဳခဲ့ရခ်ိန္မွာ ဂြၽန္နီ အီဗန္စ္က ျပစ္ဒဏ္က်ဴးလြန္ခံခဲ့ရပါတယ္။ အဲဒါက အရမ္းရွင္းၿပီး သိသာပါတယ္။ ဒါေပမယ့္ အဲဒါက ေနာက္ထပ္ေျခလွမ္းတစ္လွမ္းျဖစ္ခဲ့ၿပီး ကြၽန္ေတာ္ အသင္းရဲ႕ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး ေပ်ာ္႐ႊင္မိပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *