စနေ သားသမီးများ အတွက် ၉ လပိုင်း တစ်လစာ ဟောစာတမ်း

စနေ သားသမီးများ အတွက် ၉ လပိုင်း တစ်လစာ ဟောစာတမ်း

စနေ သားသမီးများ အတွက် ၉လပိုင်း တလစာ ဟောစာတမ်း

ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်သူများအနေနဲ့ မိမိလုပ်ငန်းနဲ့ပတ်သက်ပီး ထပ်မံတိုးချဲ့လုပ်ကိုင်ရတာတွေ ဖောက်သည်များများရပီး လည်လည်ပတ်ပတ် အဆင်ပြေမှုလေးတွေရှိတတ်ပါတယ်

လခစားဝန်ထမ်းများအနေနဲ့ လက်ရှိလုပ်ငန်းခွင်ထဲ ဆက်လက်လုပ်ဖို့ ကမ်းလှမ်းခံရတာတွေ စာချုပ်ချုပ်လုပ်ကိုင်ရတာလေးတွေရှိတတ်ပါတယ် အလုပ်မြဲပီး အလုပ်ရှင်ရဲ့သဘောကျကြိုဆိုမှုလေးတွေနဲ့ အဆင်ပြေပြေဖြစ်မယ့်ကာလပါ
အလုပ်ရှာဖွေနေသူတွေအတွက် စာချုပ်ချုပ်ဆို လုပ်ကိုင်ရတဲ့ အလုပ်အသစ်တွေ ရရှိတတ်ပါတယ်
ပြည်ပထွက်ခွာဖို့ စီစဥ်နေသူများ အလုပ်အကိုင်
အခွင့်အလမ်းတခုနဲ့ ထွက်ခွာခွင့်ရရှိတတ်ပါတယ်

ငွေကြေးကံနဲ့ ပတ်သက်ရင် စာချုပ်စာတမ်း ကိစ္စ အပေးအယူကိစ္စလေးတွေ လုပ်ကိုင်ရာမှာ သတိထားပါ မက်လုံးပေး ငွေနဲ့မျှား ကမ်းလှမ်းတဲ့အရာလေးတွေမှာ ယုံကြည်ရမှသာ လုပ်ကိုင်ဆောင်ရွက်ပါ

ပညာရေးကံကတော့ scholarship ရရှိတာလေးတွေ မိဘဆွေမျိုးတွေရဲ့အထောက်အပံ့ကောင်းရပီး ကျောင်းကိစ္စအဆင်ပြေတာမျိုးတွေရှိတတ်ပါတယ်

အချစ်ရေးမှာတော့ ချစ်သူရှိပီးသားသူတွေအနေနဲ့ချစ်သူနဲ့မိမိကြား သစ္စာတရားခိုင်မြဲနေပီး ကတိကဝတ်များကိုလိုက်နာကာ အပေးအယူမျှမျှချစ်ခင်နေမယ့်ကာလပါ
ချစ်သူမရှိသေးသူတွေချစ်သူနဲ့လမ်းခွဲထားသူတွေကတော့ မိဘဆွေမျိုးများကတဆင့် စကားကမ်းလှမ်းလာသူတွေ တန်ဖိုးထားမြတ်နိုးပေးသူတွေနဲ့တွေ့ရတတ်ပါတယ်

အိမ်ထောင်ရေးနဲ့ပတ်သက်ရင်တော့ ကတိသစ္စာကိုတန်ဖိုးထားပီး နားလည်မှုအပြည့်နဲ့ သာယာတဲ့အိမ်ထောင်ရေးလေးတခုကို ဖန်တီးတည်ဆောက်နိုင်မယ့်ကာလလေးပါ

ကျန်းမာရေးကတော့ ခေါင်းအုံခေါင်းကိုက်မကြာခဏဖြစ်တတ်သလို အတွေးများပီး အိပ်မပျော်တာလေးတွေဖြစ်တတ်ပါတယ်

လူမှုရေး ကံလေးကတော့ မိတ်ဆွေများနဲ့ အပြန်အလှန်ယုံကြည်မှုကို တည်ဆောက်နိုင်ပီး ကောင်းမွန်မှုလေးတွေရှိနေမယ့်ကာလလေးပါ

တလတာလုံးကံမြင့်ကံပွင့်ပီး အစစအရာရာအဆင်ပြေစေဖို့ ကိုယ့်ထက်အသက်ငယ်သူ ညီမ သို့ တူမ တဦးဦးအား ပုဝါ သို့ ပိတ်စ တစ လက်ဆောင်ပေးပါ

Viber / Telegram က မေးမယ်ဆိုရင် Phone 09-977253287 မှာ မေးလို့ရပါတယ်📱

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *