ပြည်သူကိုအကြောက်တရားပေးခဲ့တာ ခုဝဋ်လည်နေပီးသူတို့ကိုယ်တိုင်ကကြောက်ချီးပါနေရပီ

PDF များ၏ ဒရုန်းများကို ကြောက်ရွံ့သဖြင့် ရန်ကုန်တိုင်း၊ မြို့နယ်များအားလုံးတွင် ဒရုန်းမရောင်းရန်နှင့် ပျံသန်းခြင်းမပြုရန် စစ်ကောင်စီက အမိန့်ထုတ်

ရန်ကုန်၊ နိုဝင်ဘာ ၁၉

စစ်ကောင်စီက (PDF) ပြည်သူ့ကာကွယ်ရေးတပ်များ၏ ဒရုန်းများကို ကြောက် ရွံ့နေသဖြင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအားလုံးတွင် ဒရုန်းမရောင်းရန်၊ ဒရုန်းများ ပျံသန်းခြင်းမပြုရန် အမိန့်တစ်ရပ်ကို နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအားလုံးတွင် Drone နှင့် Drone ဆက်စပ်ပစ္စည်းများ ရောင်းချမှု မရှိစေရေး၊ လက်ဝယ် အသုံးပြုမှုမရှိစေရေး၊ Drone ပျံသန်းမှုများ မရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ ခွင့်ပြုချက်မဲ့ ဒရုန်းပျံသန်းခြင်းများကို အရေါ်ယူမည်ဖြစ်ကြောင်း ရန်ကု်တိုင်းစစ်ကောင်စီက အမိန့်ထုတ်ပြန်သည်။

ရန်ကုန်တိုင်းအတွင်းရှိ ကျောင်းများ၊ ဌာနဆိုင်ရာရုံး အဆောက်အဦများ အပါအဝင် နေရာများတွင် ဒရုန်းအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်မှုများ ဖြစ်ပေါ်လာမည်စိုးရိမ်၍ အဆိုပါ အမိန့်ကို တရားဝင် ထုတ်ပြန်ခြင်းဖြစ်ပြီး ယခင်က ယင်းကဲ့သို့ ထုတ်ပြန်မှုမရှိကြောင်း၊ ထွေ/အုပ်က စာထုတ်၍ ဒရုန်းများကို တားဆီးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်မှ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦးကလည်း စစ်ကောင်စီက ဒရုန်းများ မရောင်းရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အကြောင်းကြားလာကြောင်း ပြောဆိုသည်။

“အရင်တုန်းကတော့ ဆိုင်တွေမှာ ရဲတပ်ဖွဲ့က ဒရုန်းနဲ့ ဆက်စပ်စ္စည်းမရောင်းနဲ့ဆိုတာလောက်ပဲ လာပြေတာာမျိုးရှိတယ်။ အဲဒီလိုမျိုး ထွေ/အုပ်က စာထုတ်တာကတော့ ပထမဆုံးအကြိမ်ပါပဲ။ ရပ်ကွက်ရုံးကလည်း ခေါ်ပြောတယ်” ဟု ရန်ကုန်မြို့လယ်၊ ၂၉ လမ်းအလယ်တွင် လျှပ်စစ်ပစ္စည်းအရောင်းဆိုင် ဖွင့်လှစ်ထားသူ ဆိုင်ပိုင်ရှင်တစ်ဦးက ရှင်းပြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် နိုင်ငံတစ်ဝန်းလုံးတွင် အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ရေးတပ်များက ဒရုန်းများအသုံးပြု၍ တိုက်ခိုက်နေသဖြင့် စစ်ကောင်စီမှာ အရေးနိမ့်ပြီး စခန်းများ လက်လွှတ်ရခြင်း၊ သေဆုံးမှုများပြား နေခြင်းများဖြစ်ပေါ်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဒရုန်းမရောင်းရန် အမိန့်ထုတ်သည့် ထွေ/အုပ်၏ ညွှန်ကြားချက်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *