ယနေ့ အင်္ဂါနေ့(၅.၁၂.၂၀၂၃) အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

ဒီဇင်ဘာ ၅၊ ၂၀၂၃ (အင်္ဂါနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင်

နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3450 – 3520
ဥရောပယူရို 3640 – 3760

ဗြိတိသျှစတာလင်ပေါင် 4220 – 4350
သြစတြေးလျဒေါ်လာ 2200 – 2270

ဂျပန်ယန်း 22.80 – 23.45

တောင်ကိုရီးယားဝမ် 2.55 – 2.65
အိန္ဒိယရူပီး 40.10 – 41.20
စင်ကာပူဒေါ်လာ 2500 – 2540

မလေးရှားရင်းဂစ် 725 – 755
တရုတ်ယွမ် 470 – 480
ထိုင်းဘတ် 95.30 – 97.60

ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3670,000 – 3680,000 ကျပ်ဝန်းကျင် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3470,000 ကျပ်ခန့် ရှိနေသည်

ယမန်နေ့က ရွှေဈေးသည် ကျပ် 3730,000 – 3740,000 ဝန်းကျင်ဖြင့် ဈေးစဖွင့်ခဲ့ပြီးနောက် ကျပ် 3710,000 ခန့်သို့ ပြန်ကျလာပြီး ညနေပိုင်းတွင် ကျပ် 3690,000 – 3700,000 ဝန်းကျင်ဖြင့် ဈေးပိတ်ခဲ့သည်။

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော ဈေးကွက်ဈေးနှုန်းသည် 3215,700 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 2037 ဒေါ်လာခန့် ဖြစ်သည်။

YGEA သည် ကောလာဟလ လွှင့်၍ ရွှေဈေး ကစားသူများကို အရေးယူမည်ဟု အသိပေး ထုတ်ပြန်ထားပြီး တာဝန်ရှိသူများကလည်း ရွှေဈေး ကျစေရန် ညွှန်ကြားထားကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *