ပြည်သူတွေကိုယ်တိုင်ကပါ မွှင်းခါးတွေဝိုင်းချက်ပေးလိုက်ကြပြီ အမုန်းစွဲပဲ

ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသတွင် တိုက်ပွဲရှိုးနိမ့်၍ ထွက်ပြေးသွားသော စစ်သားများက ပြည်သူ ၆ ဦးကို ဖမ်းဆီးသတ်ဖြတ်၊ ပြည်သူများက တုတ်၊ ဓားများဖြင့် ပြန်လည် ခုခံ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၁၀ ဦးအရှင်မိ

ကုန်းကြမ်း စခန်းမှ ထွက်ပြေးသွားသည့် စစ်သားများကို MNDAA က လိုက်လံ ဖမ်းဆီးစဥ် ၁ ဦးသေဆုံးပြီး ၇ ဦးအရှင်မိ

ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသတွင် တိုက်ပွဲရှုံးနိမ့်၍ ထွက်ပြေးသွားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများက လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားသော ပြည်သူ ၆ ဦးကို သတ်ဖြတ်ခဲ့ပြီး ပြည်သူများက တုတ်၊ ဓားများဖြင့် ပြန်လည် ခုခံ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၁၀ ဦး အရှင် ဖမ်းဆီးရမိခဲ့ကြောင်း ကိုးကန့် MNDAA တပ်ဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ရှောက်ကိုင်ရွာအုပ်စု ဝကြည်ကျိုင့်ရွာ ၊ ဟုန်မူ လင်ရွာနှင့် ထောက်ပိုင်ချန်ရွာတို့တွင် တိုက်ပွဲရှုံးနိမ့်ပြီး ထွက်ပြေးသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူများ၏ နေအိမ်များအတွင်း ဝင်ရောက် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဟုန်မူလင်ရွာမှ ပြည်သူ ၁ ဦး၊ ဝကြည်ကျိုင့်ရွာမှ ပြည်သူ ၅ ဦး ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ကျေးရွာနေပြည်သူများက တုတ်၊ ဓားများ ကိုင်ဆောင်၍ ပြန်လည် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ပြီး လက်နက်ကိုင်ဆောင် ခြင်းမရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ဖမ်းဆီးရမိကာ MNDAA တပ်ဖွဲ့ထံလွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရသည်။

ဒေသ ပြည်သူများအပေါ် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ လူသားဒိုင်း အဖြစ်ဖမ်းဆီးခြင်းများပြုလုပ်လျက်ရှိသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဒေသနေ ပြည်သူလူထုမှလည်း မကျေမနပ်ဖြစ်ကာ ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်းများကိုပင်ရန်ရှာနေသဖြင့် MNDAA တပ်ဖွဲ့ထံ စစ်သုံ့ပန်းများကို လွှဲပြောင်း ပေးခဲ့ရကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၄ ရက်နေ့ ည ၁၁ နာရီခန့်တွင် ရှီးရှမ်းဒေသ ရှောက်ကိုင်ကြည်နေရာလမ်းခွဲ၌ ကုန်းကြမ်း စခန်းမှ ထွက်ပြေးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးကို တွေ့ရှိခဲ့ရာ ၇ ဦးအရှင် ဖမ်းမိ ပြီး တစ်ဦးကို ပစ်ခတ်ဖမ်းဆီးရာသေဆုံးသွားကြောင်း၊ သေဆုံးသွားသူသည် တပ်ခွဲမှူးဖြစ်ပြီး တာရွှေထန် အမြောက် တပ်ရင်းမှ ကုန်းကြမ်းစခန်းသို့ ပြောင်းရွှေ့လာသူဖြစ်ကြောင်း သိရသည်။

သေဆုံးသူများနှင့် ဖမ်းဆီးခံရသူများသည် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စကခ ၁၂ လက် အောက်ခံ လမရ ၅၄၅ မှ ၂ ဦး၊ ခမရ ၅၄၇ မှ ၂ ဦးနှင့် ကျန်ရှိသူများသည် ပြည်သူ့စစ်များဖြစ်ကြောင်း၊ ထို့ပြင် ဒီဇင်ဘာ လ ၃ ရက်နေ့ နံနက်ပိုင်းက မူပန်(သိန္နီ)ခရိုင်၊ မိုင်းယော်ဒေသ၊ မုန်းကျက်စခန်းမှ ထွက်ပြေးလာသော ခမရ ၅၂၀ မှ စစ်ကောင်စီတပ်ဖွဲ့ ဆ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *