ချမ်းသာမယ့်ဇာတာပါမပါ ကိုယ်တိုင်တွက်ကြည့်ရအောင်

ချမ်းသာမယ့်ဇာတာပါမပါ ကိုယ်တိုင်တွက်ကြည့်ရအောင်နော်

မြန်မာရိုးရာဗေဒင်တွက်ကိန်းတွေထဲမှာ မွေးဖွားတဲ့ခုနှစ်ပေါ် မူတည်ပြီး ဘ၀မှာ ဘယ်လောက် ချမ်းသာနိုင်သလဲ ဆိုတာ အဖြေရှာ တွက်ချက်ကြည့်နိုင်တဲ့ တိုင်လေးပါးဟောကိန်း ဆိုတာ ရှိပါတယ်။

ကိုယ့်ရဲ့ မြန်မာမွေးသက္ကရာဇ်ကို တည်ပြီး ၄ နဲ့ စားပါ

ဂဏန်းပေါင်းစက် တွက်တာနဲ့ မစားပါနဲ့

တွက်နည်းက လွယ်ပါတယ်

ငယ်စဉ်ကလေးဘဝက သင်သလို ချတွက်ပါ

အကြွင်းအဟောတွေအရ

(၄/၀) ကြွင်းရင် – ဆန်တိုင်

(၂) ကြွင်းရင် – စပါးတိုင်

(၃) ကြွင်းရင် – ဖွဲတိုင်

(၁) ကြွင်းရင် – ရွှေတိုင်

လို့ ခွဲခြားသတ်မှတ်ပြီး အောက်ပါဟောကိန်းကို ဖတ်ရှုကြည့်နိုင်ပါပြီ။

၁ ကြွင်း – ရွှေတိုင်အဟော

ရွှေတိုင်လို့ ခေါ်တဲ့အတိုင်း တိုင်လေးပါးထဲမှာ အမြင့်ဆုံးနဲ့ အတောက်ပဆုံးကံဇာတာ ပါလာသူတွေ ဖြစ်ပါတယ်။ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် နောက်ခံကံတရားကလည်း ပံ့ပိုးနေမှာဖြစ်လို့ ဘ၀မှာ ရွှေနဲ့ငွေနဲ့ ပြည့်စုံသူ၊ ချမ်းသာကြွယ်ဝသူတွေ ဖြစ်လာနိုင်ပါတယ်။ ငွေကြေးဥစ္စာရော လူနေမှုအဆင့်အတန်းပါ မြင့်မားတတ်ပါတယ်။

၂ ကြွင်း – စပါးတိုင်

ရွှေတိုင်လောက် ပြည့်စုံချမ်းသာမှု မရှိတတ်ပေမယ့် အခက်အခဲတွေကြားက အောင်မြင်ကြီးပွားလာနိုင်သူ ဖြစ်ပြီး မိတ်ကောင်းဆွေကောင်း၊ အသိုင်းအဝိုင်းကောင်းရဲ့ကူညီမစမှုတွေ ရရှိတတ်ပါတယ်။ အိုးပိုင်အိမ်ပိုင် ရနိုင်သူမျိုး ဖြစ်ပြီး သားသမီးတွေ၊ မိတ်ဆွေတွေ၊ အခြံအရံတွေနဲ့လည်း သိုက်သိုက်ဝန်းဝန်း အတူ နေထိုင်ရတတ်ပါတယ်။

၃ ကြွင်း – ဖွဲတိုင်

တိုင်လေးပါးမှာ အားအနည်းဆုံး တိုင်အမျိုးအစား ဖြစ်ပါတယ်။ အားကိုးအားထားပြုနိုင်တဲ့ အသိုင်းအဝိုင်းရယ်လို့ မရှိဘဲ ကိုယ့်ဖာသာရုန်းကန်ကြိုးစားရတတ်ပါတယ်။

သူများထက် ခက်ခဲပင်ပန်းစွာ စီးပွားရှာရတတ်ပြီး ကြိုးစားမှု အချည်းနှီး ဖြစ်တတ်ပါတယ်။ အိုးအိမ်ပိုင်ဆိုင်ခွင့်နည်းပြီး ဘဝအတက်အကျလည်း မျိုးစုံပြောင်းလဲတတ်ပါတယ်။

၄ ကြွင်း – ဆန်တိုင်

လူတန်းစေ့နေနိုင်တဲ့ဇာတာလို့ ဆိုရပါလိမ့်မယ်။ ဘ၀မှာ ဘယ်လောက်ပဲ ချမ်းသာပြည့်စုံပြီး ပိုက်ဆံရှိနေပါစေ၊ အရာရာကို အပင်ပန်းခံ လုပ်တတ်တဲ့လူမျိုး ဖြစ်ပါတယ်။

ချမ်းသာလွန်း၊ မွဲတေလွန်းတဲ့ အစွန်းနှစ်ဖက်ကနေ လွတ်ပြီး သူလိုငါလို နေနိုင်စားနိုင်သူ ဖြစ်သလို အပေါင်းအသင်း၊ အသိုက်အဝန်းလည်း ပေါများတတ်ပါတယ်။

တိုင်လေးပါးအဟောတွေကို လက်တွေ့သုတေသန လုပ်ကြည့်တဲ့အခါ ကမ္ဘာကျော်ဘီလျံနာသူကြွယ်ကြီးတွေ ဖြစ်တဲ့ အီလွန်မတ်စ်၊ ဘီလ်ဂိတ်၊ ဂျက်ဖ်ဘီဇော့ သုံးယောက်ဟာ ရွှေတိုင်ဇာတာရှင်တွေ ဖြစ်နေကြပါတယ်။

ရွှေတိုင်အဟောအတိုင်း သူတို့ရဲ့မူလဇာတာနောက်ခံအကြောင်းတရားတွေ ကောင်းကြသလို သူတို့ရဲ့ ဇွဲလုံ့လနဲ့ ဥာဏ်ရည်ဥာဏ်သွေးတွေကလည်း သူတို့ကို ဒီလို ထိပ်ဆုံးနေရာကို တွန်းပို့ခဲ့တာလည်း ဖြစ်ပါတယ်။

မိတ်ဆွေတို့ရော ကိုယ့်မွေးခုနှစ်အရ ဘယ်တိုင်မှာ မွေးဖွားလာသလဲ၊ ဘယ်လောက်ချမ်းသာကြီးပွားခွင့် ရှိသလဲ ဆိုတာ တွက်စစ်ကြည့်လိုက်ပါဦး။

ယေဘုယျအဟော ဆိုပေမယ့် တိုက်ဆိုင်မှုတွေလည်း
ရှိနေလို့ မိမိဘဝ ဘယ်လောက်ထိ ချမ်းသာနိုင်မလဲ ဆိုတာ မိမိ ကိုယ်တိုင် တွက်ကြည့်သိရှိနိုင်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *