ပရိသတ်တွေကြားရေပန်းစားနေတဲ့ ဟိန်းဝေယံရဲ့လက်ထပ်ခွင့်တောင်းခံရတယ်ဆိုတဲ့အပေါ် ပြန်လည်ဖြေရှင်းလာတဲ့ စိုးပြည့်သဇင်

ပရိသတ်တွေကြားရေပန်းစားနေတဲ့ ဟိန်းဝေယံရဲ့လက်ထပ်ခွင့်တောင်းခံရတယ်ဆိုတဲ့အပေါ် ပြန်လည်ဖြေရှင်းလာတဲ့ စိုးပြည့်သဇင်

ပရိသတ်ကြီးရေ မင်းသမီးချောလေးစိုးပြည့်သဇင်ကတော့ အနုပညာလောကမှာဆယ်စုနှစ်တိုင်ဖြတ်သန်းခဲ့တာပဲဖြစ်ပါတယ်။သူမရဲ့ပီပြင်လွန်းတဲ့သရုပ်ဆောင်ချက်တွေ ချစ်စရာကောင်းတဲ့ဟန်ပန်အမူအရာတွေကြောင့် ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုကိုရရှိထားသူလေးပဲဖြစ်ပါတယ်။သူမဟာ စိုးညီအစ်မတွေထဲကတစ်ဦးအပါအဝင်ဖြစ်ပြီးမျိုးရိုးစဉ်ဆက်အနုပညာအမွေကိုဆက်ခံနိုင်ခဲ့သူပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက စိန်နန်းတော်ရဲ့ပွဲတစ်ခုမှာ သူမကိုမင်းသားဟိန်းဝေယံကလက်ထပ်ခွင့်တောင်းခဲ့တဲ့ဗီဒီယိုလေးဟာ လူမှုကွန်ယက်မှာအတော်လေးရေပန်းစားခဲ့ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးစိုးပြည့်က အခုလိုပြန်လည်ဖြေရှင်းလာပါတယ်။

” စိုးပြည့်နဲ့ ကိုသားငယ်က ဆယ်စုနှစ်ကြာ အလုပ်တွေ အတူတူ တွဲလုပ်လာကြတာလေ။ ချစ်ပရိသတ်တွေက တွဲမြင်ပြီးတော့ အားပေးကြတယ်။ ချစ်ကြတာပေါ့နော်။ ကျေးဇူးလည်း အရမ်းတင်ပါတယ်။ လက်ထပ်ခွင့်တောင်းတယ်ဆိုတာက စိုးပြည့်တို့ကမသိပါဘူး။အဲ့မေးခွန်းတွေလည်းမရဘူး။အမ်ဆင်းပေါ့နော်။သူတို့မေးတဲ့မေးခွန်းတွေကို စိုးပြည့်တို့ကဖြေရတာလေ။ကိုစိုးကြီးကလည်းဘာမှကိုမပြောထားဘူး။စိန်နန်းတော်ဘယ်ပွဲပဲဖြစ်ဖြစ် မေးတဲ့မေးခွန်းကိုသူကမပြောပြဘူးလေ။အဲဒါတွေကို စိုးပြည့်တို့ကဖြေရတာပေါ့နော်။

ကိုသားငယ်လက်ထပ်ခွင့်တောင်းတယ်ဆိုတာတကယ်မဟုတ်မှန်းပရိသတ်တွေသိမှာပါ။Liveလည်းလွှင့်ထားတယ်။ကိုစိုးကြီးတို့လည်းရှိတယ်ဆိုတော့လေ။ပြီးတော့စင်ပေါ်မှာလည်းကိုသားငယ်ပြန်ဖြေထားတယ်ဆိုတော့ အားလုံးသိမှာပါ။စိုးပြည့်တို့ကိုချစ်ပေးတဲ့ပရိသတ်တွေကို တကယ်ကျေးဇူူူးတင်ပါတယ်ဆိုပြီးပြောပြခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့ စိုးပြည့်နဲ့ဟိန်းဝေယံကို အပြင်မှာတကယ် လက်တွဲစေချင်နေကြတာဖြစ်တာကြောင့် ဒီ ဗီဒီယိုလေးအတိုင်းတကယ်ဖြစ်ပါစေလို့ဆုတောင်းမေတ္တာတွေပို့သနေကြတာပဲဖြစ်ပါတယ်နော်။

Credit

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *