Miss Universe Myanmar ရဲ့ Blu Mark ပါရှိတဲ့ တရားဝင်ပေ့ချ်မှ ရင့်သီးတဲ့စကားလုံးတွေနဲ့ ထိုးနှက်ခြင်းခံလိုက်ရတဲ့ အလှမယ်အမရာဗိုလ်

Miss Universe Myanmar ရဲ့ Blu Mark ပါရှိတဲ့ တရားဝင်ပေ့ချ်မှ ရင့်သီးတဲ့စကားလုံးတွေနဲ့ ထိုးနှက်ခြင်းခံလိုက်ရတဲ့ အလှမယ်အမရာဗိုလ်

ပရိသတ်ကြီးရေ… ပြီးခဲ့တဲ့ရက်ပိုင်း က ကျင်းပပြုလုပ်ခဲ့တဲ့ Miss Universe Myanmar 2023 ပြိုင်ပွဲကြီးကတော့ အကောင်းဆုံးရလဒ်တွေနဲ့ ပြီးစီး သွားခဲ့ပြီပဲဖြစ်ပါတယ်။ Miss Universe Myanmar 2023 ဆုရှင်အဖြစ် ကျိုင်းတုံမြို့ကိုယ်စားပြုပြီး ယှဉ်ပြိုင် ခဲ့တဲ့ အလှမယ် အမရာဗိုလ်က ဆွတ်ခူးရရှိသွားတာဖြစ် ပါတယ်။ အမရာဗိုလ်ဟာ နိုဝင်ဘာလမှာ အယ်လ်ဆာ ဗေးဒေါနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Miss Universe 2023 ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်တစ်ယောက်ဖြစ်လာ ခဲ့တဲ့ အမရာဟာ အားပေးသူတွေအမြောက်အများရရှိ သလို တိုက်ခိုက်ထိုးနှက်သူတွေရဲ့ ဒဏ်ကိုလည်း ခံနေရ တာဖြစ်ပါတယ်။ Miss Universe Myanmar ရဲ့ Blu Mark ပါရှိတဲ့ တရားဝင်ပေ့ချ်ကိုက အမရာရဲ့ ဓာတ်ပုံကို မဖြစ်မနေမို့လို့ ပြောင်းလဲပေးခဲ့ရတာဖြစ်တယ်ဆိုပြီး ပြောခဲ့သလို ပရိသတ်တွေရဲ့ ထင်မြင်ယူဆချက်အပေါ် အမရာကို ရိုင်းစိုင်းစွာပြောခဲ့တာကို တွေ့ရပါတယ်။

အမရာကတော့ အခုဆိုရင် မြန်မာနိုင်ငံကိုယ်စားပြုအလှ မယ်တစ်ယောက်ဖြစ်လာပြီမို့ သူမကို အကောင်းဆုံး ပံ့ပိုးကူညီမှုတွေပေးရမှာဖြစ်ပြီး အခုလို ဂုဏ်သိက္ခာကျ ဆင်းအောင် ပြုလုပ်တာကတော့ တကယ့်ကို ရိုင်းစိုင်း လွန်းတဲ့ အပြုအမူပါပဲ။

Credit;

Be the first to comment

Leave a Reply

Your email address will not be published.


*